6🩸

309 48 1
                                    

ဒီနေ့မှကန်တင်းတစ်ဝိုက်လုံးကလူအပြည့်ဖြစ်နေတာမို့ ကင်ဆောနူနဲ့ယန်းဂျောင်ဝန်းတို့ဘုံပျောက်နေလေရဲ့။

"ချီးတဲ့မှ မင်းကြောင့်နေရာမရတော့ဘူး"

ယန်းဂျောင်ဝန်းတို့တဲ့ကြောင်ပေါက်ကကင်‌ေဆာနူအားမကျေမနပ်နဲ့ဆူဆဲလာလေသည်။

"မင်းကြောင့်လဲပါတယ်လေ အခုမှငါ့ကိုလာဆူမနေနဲ့ မင်းသာပတ်ဂျုံဆောင်းအကြောင်းလာပြောမနေရင် အခုလိုဖြစ်နေမှာမဟုတ်ဘူး"

ဟွန့်!

နှစ်ယောက်လုံးကိုယ့်အပြစ်နဲ့ကိုယ်နှုတ်ခမ်းသာဆူထားလိုက်ရသည်။

ပုံမှန်ဆိုဂျောင်ဝန်းဟာပတ်ဂျုံဆောင်းအကြောင်းကိုမေးမြန်းနေမည်မဟုတ်။ဟိုတနေ့ကရုတ်တရက်ကြီးပြောလာတဲ့စကားတို့ကြောင့်သူ့မှာအခုထိခေါင်းကိုက်ရတုန်း။ဘာမှမေးမြန်းခွင့်မရလိုက်ခင်မှာဘဲပတ်ဂျုံဆောင်းကအရူးတစ်ယောက်လိုပြုံးပြပြီးထွက်သွားတယ်လေ။

နေရာလဲမရှိတာကြောင့် သစ်ပင်ရိပ်အောက်ကခုံမှာထိုင်ဖို့သာဆုံးဖြတ်လိုက်ရသည်။တော်သေးတာပေါ့ဒီနေရာမှာပါလူရှိမနေလို့

"ကင်ဆောနူ!"

"ဘာလဲ!"

"မင်းပတ်ဆောင်ဟွန်းကိုကြိုက်နေတာမဟုတ်လား?"

ဖူးးအဟွတ်...

"...."

"ဟွန့်!အဲ့လောက်ပြာယာခတ်သွားပုံရရင်မင်းကြိုက်နေတာသိသာတယ်"

"...."

သူ့မှာအရှေ့ကယန်းဂျောင်ဝန်းကိုဘာပြန်ပြောရမှန်းမသိ။ကောက်ကာငင်ကာထမေးလာတဲ့သူ့ကို့ဘေးနားကရေဘူးနဲ့သာလှမ်းထုလိုက်မိတော့သည်။ဒါကိုသကောင့်သားကမျက်တောင့်နီနဲ့ကြည့်လာသေးတာ ထပ်ထုလိုက်ရ။

"အဲ့လောက်သိသာတာလား ဟီးးး"

ယန်းဂျောင်ဝန်းတို့လက်မနှေးပါ ထိုရေဘူးနဲ့ကင်ဆောနူအားပြန်ထုပေးလိုက်တယ်။ဘာကိုလာပြီး မူနေတာလဲ?

"နာတယ် ယန်းဂျောင်ဝန်းရဲ့!"

"ငါလဲနာတာပေါ့!"

ခေါင်းလေးတွေပွတ်ရင်းနှစ်ယောက်လုံးဘာစကားမှပြောဘဲခနငြိမ်နေလိုက်မိသည်။

00:00  𝓑𝓮𝓰𝓲𝓷;   //𝚜𝚞𝚗𝚜𝚞𝚗// 𝚟𝚊𝚖𝚙𝚒𝚛𝚎 𝚏𝚒𝚌Where stories live. Discover now