1🩸

858 71 1
                                    

Vampire...??
Vampire ဆိုတဲ့သွေးစုပ်ကောင်တွေအကြောင်းကိုလူတွေတော်တော်များများပြောကြတာကတော့ သူတို့တွေဟာလူတွေရဲ့သွေးကိုသောက်သုံးကြတယ်။သူတို့ပစ်မှတ်ထားတဲ့ သားကောင်‌တွေရဲ့သွေးကို သူတို့ရဲ့ချွန်ထက်တဲ့အစွယ်တွေကိုအသုံးပြုပြီးသောက်သုံးတာ သတ်ပစ်တာတို့ပြုလုပ်တတ်ကြတယ်...တစ်ခါတစ်ရံ သွေးစုပ်ဖုတ်ကောင်အဖြစ်ပြောင်းလဲသွားအောင်လို့လဲလုပ်ပစ်တတ်ကြတယ်...။

Vampireဆိုတဲ့သွေးစုပ်မျိုးနွယ်စုတွေဟာ ရာစုနှစ်တွေအတော်ကြာကတည်းကရှိခဲ့တာဖြစ်ပြီး ယခု၂၁ရာစုထိတည်ရှိနေကြသေးတာလို့တချို့ကယုံကြတယ် အင်း....တချို့ကလဲမယုံကြပြန်ဘူး။ဘာလို့ဆို vampireတွေကလူသားတွေကြားထဲမှာမသိသာအောင်ပုန်းအောင်းနေထိုင်ကြတာမို့လူတွေသတိမထားမိတာပါ...သွေးဆာလောင်မှုပြင်းပြတတ်တဲ့သူတို့က လူ့ပတ်ဝန်းကျင်မှာနေထိုင်နေရတာမို့ လူသွေးအစား တိရစ္ဆာန်တွေရဲ့သွေးကိုအစားထိုးသောက်သုံးတတ်ကြတာမို့။

နေရောင်ကသူတို့ကိုအားနည်းစေတာကြောင့် ညဖက်မှာအစာရှာထွက်ကြရတယ်။သူတို့ဟာအလွန်သန်မာကြပြီး တချို့ဆိုရင်စိတ်ညှို့နိုင်စွမ်းတောင်ရှိကြပါတယ်တဲ့။တချို့vampireတွေဟာ လင်းနို့၊ဝံပုလွေ တို့လိုပုံစံပြောင်းနိုင်ပါတယ်တဲ့
။ဒါ့အပြင်သားကောင်ကိုလဲအာရုံခံနိုင်စွမ်းရှိကြပါတယ်။မှန်ထဲမှာဆိုသူတို့ကမပေါ်သလို အရိပ်လဲမရှိကြပါဘူး။

Vampire သွေးစုပ်ကောင်တွေဟာ ဖိတ်ခေါ်ခြင်းမရှိဘဲတခါးကိုဖြတ်ကျော်ခွင့်မရှိဆိုတဲ့အချက်က???

vampire တွေရဲ့ပုံစံကဒီလိုအကြောင်းအရာတွေသာဆိုရင် ယခုသူတို့ရောက်ရှိနေတဲ့၂၁ရာစုမှာဆိုရင်ရော....?

~~~~~~~~~~~~00:00~~~~~~~~~

ပြတင်းကနေတဆင့် အခန်းထဲတိုးဝင်းလာတဲ့နေရောင်ခြည်စူးစူးတို့ကြောင့် တွန့်ချိုးသွားတဲ့မျက်ခုံးတန်းတို့နဲ့အတူလက်တစ်ဖက်ကမျက်လုံးအစုံကိုသက်သာစေရန်အလို့ငှာ ကာလိုက်မိသည်။

စားပွဲပေါ်ကဖုန်းကိုအသာဆွဲယူပြီးကြည့်လိုက်တော့ အချိန်က9:31ကိုပြနေသည်။နောက်ကျပြန်ပြီ ပထမအတန်းချိန်လွတ်"နေတာအကြိမ်ပေါင်းလဲမနည်းတော့ ဆောနူစိတ်ရှုပ်စွာဖြင့်ဆံပင်တို့ကိုသာထိုးဖွလိုက်မိသည်။

00:00  𝓑𝓮𝓰𝓲𝓷;   //𝚜𝚞𝚗𝚜𝚞𝚗// 𝚟𝚊𝚖𝚙𝚒𝚛𝚎 𝚏𝚒𝚌Where stories live. Discover now