ယွန်းငယ်တစ်ယောက် မနက်မိုးလင်းတော့
သူ့အစ်ကိုကြီး နမ်ဂျွန်းကို မြင်ရလေတော့"အစ်ကိုကြီး ~~~ "
ဆိုသော်ချစ်စဖွယ် အသံလေးပေးကာ နမ်ဂျွန်းထံကို ပြေးသွားလေတော့ နမ်ဂျွန်းသည်လည်း အလိုက်သင့်လက်လေး ဆန့်ပေးကာ
"အာရီဂူးး ငပူတင်းဗိုက်လေးတောင် ဖြစ်လာရောပါလား ဂျုန်းမင်းငါတို့ ယွန်းငယ်လေးကို အကျင့်တွေဖျက်လိုက်ပြီပေါ့လေ ဟုတ်လား "
ဆိုကာပြောလေတော့ နမ်ဂျွန်းသည်
"ဘယ်ကသာ အကျင့်ဖျက်ရမှာလည်းကွ ယွန်းငယ်က သူ့စိတ်တိုင်းကျမလုပ်ပေးရင်လည်း စိတ်ကောက်သေးတာကိုကွ "
ဆိုကာပြောလေတော့ နမ်ဂျွန်းသည်ရီကာ
"အဟဟ ပြောပါတယ်မင်းကို တစ်ရက်နှစ်ရက်သာလိမ်မာသွားမှာလို့လေ ကျန်တဲ့ရက်ကိုအဆိုးလေး လုပ်နေတာလေ "
ဆိုပြီးပြောလေတော့ ယွန်းငယ်သည် နမ်ဂျွန်းရဲ့ရင်ခွင်ထဲကနေ
"အစ်ကိုကြီးနော် ယွန်းငယ်က အဆိုးလေးမဟုတ်ဘူး ဟွန့်ယွန်းငယ်ကို မတရားမပြောနဲ့ ယွန်းငယ်စိတ်ဆိုးလိုက်မှာနော် "
ဆိုကာပြောပြီး မျက်နှာကိုမဲ့ချလေတော့ အကုန်လုံးကရီလေ၏။ ပြီးနောက် ပြန်ရန်လုပ်လေတော့ ဂျောင်ဂုသည် ယွန်းငယ်အား
"ယွန်းငယ်ညနေကြရင်လေ ကိုယ်နဲ့တစ်နေရာလိုက်ခဲ့နော် ကြားလား "
ဆိုကာပြောလေေတာ့ ယွန်းငယ်သည်
"ဘယ်ကိုလည်းဂျုန်းရဲ့ "
ဆိုကာမေးလေတော့ ဂျောင်ဂုသည်
"ဘယ်ကိုလည်းဆိုတာက ရောက်ရင်သိမှာပေါ့လို့ အဓိကက ယွန်းငယ်လိုက်ခဲ့မယ်မဟုတ်လား "
ဆိုလေတော့ ယွန်းငယ်သည်
"အင်းလေလိုက်ခဲ့မယ် ဒါဆိုရင်ယွန်းငယ် သွားတော့မယ်နော် ရွတ် "
ဆိုကာအဆိုးလေးယွန်းငယ်သည် ဂျောင်ဂုရဲ့ပါးကိုနမ်းကာ အိမ်ကနေထွက်သွားလေ၏။ ကျန်ခဲ့တဲ့
ဂျောင်ဂုသည်လည်း အနမ်းခံရတဲ့ပါးကို ကိုင်ကာ"တစ်ကယ့်အဆိုးလေးပါကွာ အင်းဒီနေ့ပြောစရာ
ရှိတာပြောပြီးသွားရင်တော့ ယွန်းငယ်က ကိုယ့်အပိုင်ဖြစ်လာမှာပါ "