"ဘာပြောတယ် မင်းတို့တွေ မင်းတို့တွေ အမလေးအမေကြီး ကျုပ်ကိုဆေးပေးစမ်း ဆေးပေးစမ်း "
ဆိုကာပြောရင်း ဆေးတောင်းနေပါသော အဖေကြီးဖြစ်သူကြောင့် အမေကြီးသည်လည်း ပြုံးရင်းပင်ဆေးကို သွားယူလေ၏။ အင်းဟုတ်ပါတယ် အခုလိုဆေးတောင်းရတဲ့ အဖြစ်ကလေးကို ပြောရမယ်
ဆိုရင်တော့ မင်နမ်ဂျွန်းရှိနဲ့ ဆရာဖြစ်သူ ကင်မ်ဟိုနူးရှိတို့ရဲ့ သားလေးဖြစ်သူ ဆော့ဂျင်နီးတို့ရဲ့
တစ်ညတာကို နှစ်ဦးသဘောတူနဲ့ ဖြတ်သန်းမိသည်ကို မိဘများအား ဖွင့်ပြောလေချင်းကြောင့် ဖြစ်လေ၏။"ရော့အဖေကြီး ဆေးသောက်လိုက်အုံး ပြီးရင်ရှင်ဘာမှ့ဝင်ပြောဖို့မစဉ်းစားနဲ့ ကျုပ်ပြောမယ် ကြားတယ်နော် "
ဆိုပြီးအမေကြီးက ပြောလေတော့ အဖေကြီးသည်
"ဟုတ်ကဲ့ အမေကြီး "
ဆိုကာတစ်ခွန်းထဲပင် ငြိမ်သွားလေ၏။ ထိုသည်ကိုကြည့်ကာ ခိုးရီနေကြတဲ့ ယွန်းငယ်လေးနဲ့
ဆော့ဂျင်နီးလေးလည်းရှိလေ၏။"သားနမ်ဂျွန်းက အန်တီတို့ရဲ့ မျက်စိရှေ့မှာပဲကြီးလာတဲ့ကလေးတစ်ယောက်ပါ။ ပြီးတော့ လိမ်မာရေးခြားရှိသလို ညီလေးကိုလည်း အစ်ကိုကြီးအဖရာဆိုတဲ့စကားအတိုင်း သေချာအောင်ပြောရရင်တော့ ပိုးမွေးသလိုကို ဂရုတစ်စိုက်နဲ့ မွေးထားတဲ့သူကောင်းလေး ။ အဲ့လိုကလေးမျိုးကို အန်တီတို့က သားမက်မတော်ရင် အန်တီတို့ညံ့တာပေါ့ ။ ဒါေပမဲ့ သားလိုမျိုးအောင်မြင်နေတဲ့ လုပ်ငန်းရှင်ကြီး
တစ်ယောက်က သားနဲ့လိင်တူယောကျာ်းလေး
တစ်ယောက်ကိုလက်ထပ်လိုက်လို့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုတ်ချတဲ့ ဒဏ်တွေ ၊ လှောင်ပြောင်တဲ့ ဒဏ်တွေကို ခံနိုင်ပါ့မလား သားရဲ့ဂုဏ်တွေ ကျဆင်းသွားမှာပေါ့ "ဆိုပြီးပြောလေတော့ နမ်ဂျွန်းသည်
"ကျွန်တော်အဲ့ဒီဒဏ်တွေကို မမှု့ပါဘူးအန်တီ
ဒီထက်ဆိုးရွားတဲ့ ဒဏ်တွေကိုတောင် ခံလာခဲ့ပြီးပြီပဲ အဲ့တာကြောင့် ကျွန်တော်ကိုယုံကြည်ပေးကြီး
ဂျင်နီးလေးကို ယုံယုံကြည်ကြည်နဲ့ ကျွန်တော်ကို အပ်ပေးပါနော် အန်တီ "