ဂျေုင်ဂုတစ်ယောက် ယွန်းငယ်အား နမ်ဆန်တာဝါကို မြင်တွေ့ရတဲ့ ဟိုတယ်ရဲ့အပေါ်ဆုံး အထပ်ကို
ငှားကာ ယွန်းငယ်အား ဖွင့်ပြောရန် ကြံရွယ်ထားလေ၏။ သို့သော်လက်တွေ့မှာဝောာ့ စိတ်လှုပ်ရှားနေသောကြောင့် ယွန်းငယ်လေးကို ခဏဆိုရုံမျှသာ ပြောပြီးတော့ သန့််စင်ခန်းဘက်ကို ထွက်လာလေ၏။"ဟူးး ဂျုန်းမင်းလုပ်နိုင်မှာပါ ဟုတ်တယ်မင်းလုပ်နိုင်တယ် "
ဆိုကာပြောပြီး သန့်စင်ခန်းကနေ ထွက်လာကာ ယွန်းငယ်ရှိရာထံကို ပြန်ထွက်လာလေ၏။
"မိယာနဲ ယွန်းငယ် ကိုယ်နောက်ကျသွားတယ် "
ဆိုကာပြောလေတော့ ယွန်းငယ်သည်
"ဟီး ရပါတယ် ဂျုန်းရဲ့ ဒါနဲ့လေယွန်းငယ်ကို
ဘာပြောစရာရှိလို့ ဒီလိုလှတဲ့နေရာကို ခေါ်လာရတာလည်းဟင် "ဆိုကာမေးလေတော့ ဂျောင်ဂုသည်
"ဟို ဟိုလေ ကိုယ်ယွန်းငယ်ကိုလေ အများကြီးချစ်မိနေလို့ ကိုယ်သိပါတယ် ကိုယ်တို့တွေက ယောကျာ်းလေးတွေဆိုတာကိုေလ ဒါပေမဲ့ကိုယ် ယွန်းငယ်ကို ချစ်နေတာတာထက် ပိုတယ်ယွန်းငယ် မြတ်နိုးတယ် တွယ်တာတယ် ၊ တန်ဖိုးထားတယ် ၊ ကိုယ်ဘေးနားမှာချစ်ရတဲ့ ကိုယ့်ချစ်ရသူအဖြစ် တစ်သက်လုံးအနားမှာ ရှိနေစေချင်တယ် ယွန်းငယ်ကို ကိုယ်လေကိုယ့်အပိုင်အဖြစ် အနားမှာရှိစေချင်တယ် ။
ကိုယ်ချစ်တာကို လက်ခံပေးနိုင်မလားဟင် "ဆိုပြီးပြောလေတော့ ယွန်းငယ်သည်မျက်ရည်လေးတွေ ဝဲတက်လာကာ
"ဘာလို ဘာလို့များအခုမှ့ လာဖွင့်ပြောရတာလည်းဟင် ဘာလို့အခုမှ့များချစ်တယ် ၊ မြတ်နိုးတယ်လို့ ပြောရတာလည်းဟင် ယွန်း ယွန်းငယ်မှာလေ
တစ်ယောက်ထဲ အတွေးတွေများနေတာ ယွန်းငယ်ဘက်က ချစ်တယ်လို့ စပြီးဖွင့်ပြောရင် ဂျုန်း
လက်မခံမှာ စိုးရတယ် ယွန်း ယွန်းငယ်ကလေ ဂျုန်းကိုအများကြီးချစ်နေရတာ အများကြီးမှ့ အများကြီး ပဲချစ်နေတာ "ဆိုပြီးပြောလေတော့ ဂျောင်ဂုသည်ပြုံးကာ
" အဲ့တာဆိုရင် ယွန်းငယ်က ကိုယ့်ကိုချစ်တယ်ပေါ့လေဟုတ်လား ယွန်းငယ် "