episode -3

150 18 7
                                    

မနက်မိုးလင်းစောစောစီးစီး ယွန်းငယ်တို့အိမ်ကို ရောက်လာပါသော ဆော့ဂျင်နီးလေးကို ယွန်းငယ်လေးမှာ မဟားတရားတွေဖြင့် စိတ်ဆိုးနေလေ၏။ အကြောင်းကာ ကျောင်းသွားရန် လာနိုးလေခြင်းကြောင့်ပေါ့ ။

"ထတော့လို့ ယွန်းငယ် ငါစိတ်းဆိုးတော့မှာနော် "

ဆိုလေတော့ ယွန်းငယ်လေးသည်

"ဆော့ဂျင်နီး မင်းအားနေတာလားဟင် ငါလေ
ညကလည်း အစ်ကိုကြီးနဲ့ စာတွေလုပ်ထားရလို့ ပင်ပန်းထားတယ် အဲ့တာကြောင့် အဲ့တာကြောင့် အစ်ကိုကြီးကတောင် ငါ့ကိုမနိုးဘဲ အိပ်ခွင့်ပြုထားတာလေကွာ "

ဆိုကာပြောလေ‌ေတာ့လည်း ဆော့ဂျင်နီးလေးမှာ ယွန်းငယ်လေးအား

"မင်းကလည်းကွာ ဒီနေ့ကျောင်းမှာစာမေးပွဲ
ရှိတယ်လေမေ့နေတာလား တော်ကြာနေငါတို့ နောက်ကျနေမှ့ဖြင့် စာမေးပွဲဖြေခွင့်ပိတ်ခံနေအုံမယ် လိမ်မာပါတယ်ကွာ ပြီးတော့လေမနေ့က
ငါသတင်းကြားတယ် တစ်ပါတ်လံုးလုံးကို ဆရာဂျွန်က ‌အခန်းစောင့်ပေးမှာတဲ့ "

ပဲရှိပါသေးတယ်  အိပ်ရာကနေဇက်ခနဲ ကောက်ထလေသော ယွန်းငယ်ကြောင့် ဆော့ဂျင်နီးလေးမှာ အောက်ကို ပြုတ်ကျမတက်ဖြစ်လေ၏။

"ဘာဖြစ်တာလည်း ယွန်းငယ်ရယ် အလန့်တစ်ကြားနဲ့ ငါလေးနှလုံးရောဂါသာရှိရင်လေ မင်းလုပ်လို့‌
သေနေလောက်ပြီသိလား "

ဆိုကာပြောလေတော့ ယွန်းငယ်သည်

"အခုမင်းမသေသေးဘူးမှတ်လား ဖယ်ငါရေချိုးရအုံးမယ် "

ဆိုကာပြောပြီး ရေချိုးခန်းကိုဝင်သွားသော
ယွန်းငယ်ကိုကြည့်ကာ

"ချစ်ဖို့ကောင်းသလောက် အကြီးကိုအကြီးမှန်မသိတဲ့ ယွန်းငယ်ဒီလောက်ငါ့ကို အစ်ကိုကြီးလို့ ခေါ်ဖို့ပြောထားတာကို ဟွန့် "

ဆိုပြီးပြောရင်းနဲ့ အောက်ထပ်ကို ဆင်းသွားလေ၏။ ပြီးနောက် နမ်ဂျွန်းကိုတွေ့လေတော့ 

"အစ်ကိုနမ်ဂျွန်း ဘာတွေချက်နေတာလည်းဟင်
ဂျင်နီးအနံ့နဲ့တင် ဗိုက်တွေတောင်ဆာလာပြီ "

ဆိုပြီးပြောလေတော့ နမ်ဂျွန်းသည်

"အော် ယွန်းငယ်အတွက် ကြက်ပေါင်းထမင်းနဲ့
ဆော့ဂျင်လေးစားဖို့ ကြက်သားထမင်းကြော်လေ "

အစ်ကိုကြီး၏ သူငယ်ချင်းနှင့်တစ်ညတာ ( Complete )Where stories live. Discover now