episode -2

190 20 4
                                    

အိမ်အမှတ် 38 ဆိုသည့်အိမ်ရှေ့ကို ရောက်လေတော့ ဂျောင်ဂုသည် အိမ်ရဲ့ဘဲလ်ကို တီးကာ

"အိမ်ရှင်တို့ အိမ်ရှင်တို့ "

ဆိုသောအသံ‌ကို ပေးလေတော့ အိမ်ထဲရှိမီးဖိုချောင်ထဲကနေ ထွက်လာတဲ့ကောင်လေးသည်

"ဘယ်သူလည်းမသိဘူး ယွန်းငယ်ဆိုရင်လည်း အိမ်passwordကို သိနေတာပဲကို "

ဆိုကာပြောရင်းနဲ့ တံခါးကိုသွားဖွင့်လေတော့

"ဟာဂျုန်း မင်းဘယ်တုံးက ကိုရီးယားကို
ပြန်ရောက်နေတာလည်း "

ဆိုကာမေးလေတော့ ဂျောင်ဂုသည်

"ငါလွန်ခဲ့တဲ့တစ်ပါတ်ကမှ့ ပြန်ရောက်တာလေ
ငယ်ငယ်ကမင်းတို့နေခဲ့တဲ့ ခြံလေးကိုသွားသေးတယ် အဲ့ကအဒေါ်ကြီးက မင်းတို့ညီအစ်ကို
နှစ်ယောက် မိထွေးနဲ့ မတည့်လို ဆိုးလ်ကို ပြောင်းသွားတယ်ဆိုလို့ ငါကမင်းတို့ကို လိုက်ရှာနေတာ တော်သေးတယ် ဆရာဟိုနူးပြောမှ့ပဲ မင်းကဆရာတို့ဘေးအိမ်မှာ နေတယ်ဆိုလို့ ငါလည်းဝမ်းသာအားရနဲ့
လာခဲ့တာ နမ်ဂျွန်းရ "

ဆိုပြီးပြောလေတော့  နမ်ဂျွန်းသည်လည်း

"ဟုတ်တယ် ဂျုန်းရဲ့ ငါတို့မိထွေးက ငါ့တို့ယွန်းငယ်လေးကို အရမ်းနှိပ်စက်တာလေ အထူးသဖြင့် အဖေမရှိတုန်းပေါ့ ။ အဖေသာ ပြန်လာရင်တော့ သူသာလျှင်နတ်သမီး သူသာလျှင် အကောင်းဆုံးမိထွေးမကြီးလေ ။ ငါ့အဖေက မဘက်လိုက်ပြီး
မွှန်နေတော့ အမှန်တစ်ရားတွေကို ယွန်းငယ်လေးက ပြောပြတာတောင် လက်မခံနိုင်ဘူးလေ အဲ့တော့လည်း ငါကမေမေကို ဖုန်းဆက်ပြီးတော့ မေမေနဲ့ပဲ အတူတူနေလိုက်တော့တယ် ။ "

ဆိုပြီးပြောလေတော့ ‌ဂျောင်ဂုသည်

"ဆိုတော့မင်းအမေရဲ့ အမွေတွေကို အကုန်လုံးရလိုက်တယ်ပေါ့လေ ဟုတ်လား ငါ့ကောင်ကြီး ဒါနဲ့အန်တီကရော ဘယ်မှာလည်း ငါမတွေ့ပါလား "

ဆိုလေတော့ နမ်ဂျွန်းသည်

"မေမေက လွန်ခဲ့နှစ်ကပဲ ဆုံးသွားတာလေ "

ဆိုပြီးပြောလေတော့ ဂျောင်ဂုသည်လည်း

"အား ငါတောင်းပန်ပါတယ် မသိလိုက်ဘူး "

အစ်ကိုကြီး၏ သူငယ်ချင်းနှင့်တစ်ညတာ ( Complete )Where stories live. Discover now