episode -8

112 15 4
                                    

ဂျောင်ဂုတစ်ယောက် ဘေးအခန်းကို မရှင်းထားဘဲ နေမိသည်မှာ အမှန်တစ်ကယ်ပင် ကောင်းသွားလေ၏။ အကြောင်းမှာ ယွန်းငယ်လေးဟာ ဂျောင်ဂုနဲ့ အတူအိပ်ရန်ဖြစ်သွားတာပေါ့ ။

"ဟိုလေ ဂျုန်း ယွန်းငယ်ကိုလေ ဖက်ထားပေးပါလားဟင် ယွန်းငယ်ကလေ တစ်ယောက်ထဲ အိပ်တက်တယ်ဆိုပေမဲ့ ဖက်လုံးတွေ ခေါင်းအုံးတွေအများကြီးကို မေမေလိုမျိုး သဘောထားပြီးတော့ အိပ်တာ အဲ့တာကြောင့် ယွန်းငယ်ကိုဖက်ထားပေးပါနော် "

ဆိုပြီးပြောလေတော့ ဂျောင်ဂုသည်လည်း

"အင်း ကိုယ်ဖက်ထားပေးမယ်နော် အိပ်လိုက်တော့ မနက်ကျရင် ကိုယ်စားကောင်းတာ တစ်ခုခုလုပ်ကျွေးမယ်နော် ကြားလား "

ဆိုပြီးပြောလေဝောာ့ ယွန်းငယ်သည်ခေါင်းလေးငြိမ့်ကာ

"ဟုတ်ကဲ့ ဂျုန်း "

ဆိုကာပြောပြီး ဖက်အိပ်လေ၏။ အင်း ခါတိုင်းလို ယွန်းငယ်တစ်ယောက် တစ်ရေးနိုးလာပေမဲ့ အရင်လိုအေး‌စက်နေတဲ့ အိပ်ရာဘေးနားလေးဟာ အခုတော့နွေးထွေးနေတဲ့ နေရာလေးတစ်ခုအဖြစ်
ရှိလာခဲ့ပြီပေါ့ ။

"ယွန်းငယ် အိပ်လို့မပျော်လို့လား "

ဆိုကာတစ်ရေးနိုးလာပါသော ဂျောင်ဂုက
မေးလေတော့ ယွန်းငယ်သည်

"မဟုတ်ပါဘူး ဂျုန်းရဲ့ ကျွန်ဝောာ်တစ်ရေးနိုးလာတာပါ ဟီး အိပ်လို့လည်း‌ပျော်ပါတယ် "

လို့ပြန်ဖြေ‌ေလတော့ ဂျောင်ဂုသည်

"အော်ဟုတ်လား အဲ့တာဆိုရင်လည်း  ခဏလောက်ပြန်အိပ်လေ မနက်ကြရင် ဈေးသွားကြမယ်လေ ဟုတ်ပြီလား "

ဆိုကာပြောလေတော့ ယွန်းငယ်သည်

"ဟီး ဈေးကိုတောင်မသွားရတာ ကြာပြီ
အစ်ကိုကြီးနဲ့ နောက်ဆုံးသွားတာက စာမေးပွဲ
မဖြေခင်ဆိုတော့ နည်းနည်းလေး‌ကြာနေပြီလေ ။ "

ဆိုပြီးပြောလေတော့ ဂျောင်ဂုသည်

"ဟုတ်လား ကြည့်ရတာဘနမ်ဂျွန်းတစ်ယောက် ယွန်းငယ်‌ေလးကို ကောင်းကောင်းကြီး ခိုင်းစား
နေတာပဲ  "

ဆိုပြီးပြောလေတော့ ယွန်းငယ်သည်

"မဟုတ်ရပါဘူးနော် အစ်ကိုကြီးက ယွန်းငယ်နဲ့သာဈေးကိုအတူသွားတာ ယွန်းငယ်ကို လက်တွန်းလှည်းထဲထည့်ပြီးတော့မှ့ သွားတာပါနော် ပြီးတော့‌လည်းအထုတ်အပိုးတွေကိုဆို ဘယ်တော့မှ့ ယွန်းငယ်ကို
မသယ်ခိုင်းဘူး "

အစ်ကိုကြီး၏ သူငယ်ချင်းနှင့်တစ်ညတာ ( Complete )Where stories live. Discover now