episode -7

103 14 4
                                    

နမ်ဂျွန်းတစ်‌‌ေယာက် အလုပ်ကိတ်စနဲ့ ဘူဆန်ကို ခရီးထွက်ဖို့ရာရှိလေတော့ အိမ်မှာယွန်းငယ်
တစ်ယောက်ထဲကို စိတ်မချဘူးဖြစ်နေလေ၏။

"ဟွန့်အစ်ကိုကြီးကလည်း ယွန်းငယ်တစ်ယောက်ထဲလည်းနေရဲပါတယ်ဆို ဘာလို့ဆရာဂျွန်အိမ်ကို
ပို့မှာလည်းလို့ "

ဆိုလေတော့ နမ်ဂျွန်းသည်

"ယွန်းငယ်လေးကို စိတ်မချလို့ပေါ့ ယွန်းငယ်လေးက အစ်ကိုကြီးမရှိရင် အိမ်မှာစိတ်ကြိုက်သောင်းကျန်းနေမှာပေါ့ ပြီးတော့ဂျင်နီးလေးတို့ မိသားစုကလည်း ‌အမေရိကကို သွားကြတယ်ဆိုတော့ နောက်ဆုံးလက်နက်အနေနဲ့ ဂျုန်းအိမ်ပဲ ထားဖို့ကျန်တော့တယ်လေ အဲ့တာကြောင့် အစ်ကိုကြီးက စီစဉ်လိုက်တာပါ ပြီးတော့ဘူဆန်မှာက ဘယ်နှစ်ရက်လောက်
ကြာမယ်မှန်းလည် မသိသေး‌ဘူးလေ "

ဆိုကာပြောရင်းနဲ့ သိပ်မကြာပါ ဂျောင်ဂုရဲ့ အိမ်ကိုရောက်လာတာပေါ့ ။

"အော် နမ်ဂျွန်းရောက်လာပြီကို ဝင်ထိုင်အုံးမှာလား တစ်ခါထဲ သွားတော့မှာလား "

ဆိုပြီးမေးလေတော့ နမ်ဂျွန်းသည်

"မဝင်တော့ပါဘူးကွာ လေယာဉ်နောက်ကျနေမှာ
စိုးလို့ပါကွာ ကဲဂျုန်း ငါယွန်းငယ်လေးကို
အပ်‌တယ်နော် သွားပြီးနော် ယွန်းငယ် အစ်ကိုကြီး စိတ်ချမယ်နော် "

ဆိုပြီးပြောလေတော့ ဆူပုတ်ပုတ်နဲ့ ခေါင်းငြိမ့်လေ၏။ ပြီးနောက်တော့ သိပ်မကြာဘူးနမ်ဂျွန်းလည်း ကားမောင်းထွက်သွားသလို ယွန်းငယ်မှာလည်း သူ့အားစိတ်ဆိုးနေပါသော ဂျောင်ဂုရဲ့ အနောက်ကိုသာ လိုက်သွားလေ၏။

အိမ်‌ထဲရောက်တော့  ဂျောင်ဂုသည်

"ဘာစားမှာလည်း "

ဆိုကာမေးလေဝောာ့ ယွန်းငယ်သည်

"ဟင့်အင်းစားတော့ဘူး ဗိုက်မဆာလို့ ဒါနဲ့ဂျုန်း "

ဆိုပြီးခေါ်လေဝောာ့ ဂျောင်ဂုသည် ပြောလေဆိုသော အကြည့်ဖြင့်မျက်ခုံးပင့်ပြလေ၏။ ထိုသည်ကို
ယွန်းငယ်သည်

"ယွန်းငယ်ကို စိတ်ဆိုးနေတုန်းပဲလားဟင် ဟင့်
ယွန်းငယ်ကို အဲ့လိုမျက်နှာထားကြီးနဲ့  မကြည့်ပါနဲ့နော် ဟင့် ယွန်းငယ်မနေတက်လို့ပါ ဟင့် "

အစ်ကိုကြီး၏ သူငယ်ချင်းနှင့်တစ်ညတာ ( Complete )Where stories live. Discover now