6⭐

799 86 11
                                    

Gem တစ်ယောက် Nan ကမုန့်စားချင်တယ်ဆိုလို့
မုန့်‌ဈေးတန်းထဲလိုက်ဝယ်ကျွေးဖြင်းဖြစ်သည်

ဆိုင်မှာထိုင်နေရင်းပဲဝိုင်းတစ်ခုဆီက ရယ်သံတွေဆူညံစွာထွက်ပေါ်လာသည်

Gemရယ်သံကြားရာလှမ်းကြည့်လိုက်တော့Markရဲ့သူငယ်ချင်း Fordတို့အဖွဲ့ဖြစ်နေသည်

ဘာတွေသဘောကျရယ်ကြ၍ရယ်သည်မသိပေမယ့် သူတို့ရယ်သံကြောင့်Gemပါလိုက်ပြုံးမိသည် တကယ့်အူကြောင်ကြားအဖွဲ့ပါကွာ

"ဘာတွေပြုံးနေတာလဲကိုကို"

Gemပြုံးနေမိတာကြောင့်ဘေးကNanတောင်မေးလာသည်

"အော်ဘာမှမဟုတ်ပါဘူး
ဟိုအဖွဲ့လေ ရယ်နေကြလို့
လိုက်ပြုံးမိတာ"

Gemဟိုဘက်ဝိုင်းကိုကြည့်၍ပြောတော့Nanက

"အာ အဲဒါ ‌နူအာ အဖွဲ့ပဲ(သူတို့ကနူအာရွာကမို့‌ေဒါင်းနူအာအဖွဲ့လို့ခေါ်တာ) ကိုကို အဲ့အဖွဲ့က လူတွေကိုNanသိတယ် သူတို့ထဲကတစ်ယောက်က Nan သူငယ်ချင်းNookရည်းစားလေ ဟိုမှာ ခန္ဓာတောင့်တောင့်နဲ့အရပ်ရှည်ရှည်တစ်ယောက်လေ Captainတဲ့"

Nanကပြောပြတော့

"ဟို အဲ့Captain ဘေးကလေ သေးသေးလေး အဲ့တစ်ယောက်မြင်ဖူးနေသလိုပဲ အာ.....ဟိုတစ်ခါကဝင်တိုက်တဲ့ကောင်လေးပဲ သူကိုကော သိလား"

Gemတစ်ယောက်Fourthကိုကြည့်၍မေးလိုက်ခြင်းဖြစ်သည်

"အော်သူကလား သူကအဲ့အဖွဲ့ရဲ့အချစ်တော်  နာမည်က Fourthတဲ့ Cခန်းကပဲအကုန်လုံး"

NanပြောတာတွေကြားပြီးGemတစ်ယောက်တွေးမိသည်

*အဲ့ကောင်လေးကချစ်စရာလေးကွာ၊သူငယ်ချင်းဖြစ်ရင်ကောင်းလိုက်မှာကွာ*

**********

အတန်းထဲမှာ နူအာအဖွဲ့ဆူညံနေကြသည်

"ပထမမစ်ရှင်အနေနဲ့ ရည်းစားစာပေးခြင်း

အောင်မြင်ရင်ဒုတိယကလူတွေ့ဖွင့်ပြောခြင်း

တတိယက ချစ်သူဖြစ်ခြင်း တို့ပါပဲ ကဲစတော့မလား စာရေးကြမယ်မြန်မြန် သားရီးတို့"

အဖွဲ့ရဲ့ လူကြီးနေရာရာထားသူ Fordကပြောတော့

"မိုက်လှရီလားသာရီးရ အဆင့်သုံးဆင့်ပဲနော် Fot"

A Story Of Highschool(အထက်တန်းကျောင်းပုံပြင်တပုဒ်)(Complete)Where stories live. Discover now