"မင်းတကယ်ဆုံးဖြတ်ပီးပီလား Fot အဲ့လိုလုပ်မှဖြစ်မှာလား"
Fordကပြောတော့
"အင်းးးငါမိဘတွေနဲ့တိုင်ပင်ပြီးပြီ အကုန်အဆင်ပြေတယ် ကျောင်းအုပ်ကိုလည်းပြောပြီးပြီ"
အဖြစ်ကတော့Fotတစ်ယောက်ကျောင်းပြောင်းမည်ဆို၍သူငယ်ချင်များကဝိုင်းတားနေခြင်းဖြစ်သည်
"မင်းငါတို့ကိုအရင်တိုင်ပင်သင့်တာကိုကွာ"
Winnyကပြောတော့
"ငါသိတယ်လေ ငါသာမင်းတို့ကိုပြောရင်မင်းတို့ပါလိုက်ပြောင်းမှာကိုလေ
ငါတစ်ယောက်ထဲနေကြည့်ချင်လို့ပါရွာမှာလည်းအထက်တန်းရှိတာပဲ ငါအဲ့မှာဘဲတက်တော့မယ် မယ့်တို့ဖော့တို့နဲ့လည်းအတူနေလို့ရတယ်လေ "
ဟုFotပြောလိုက်ပြီးသူငယ်ချင်းတေကိုပြုံးပြလိုက်သည်ထိုအခါCaptainက
"ငါတို့ကမင်းနဲ့ခွဲနိုင်မယ်ထင်လို့လား "
"ဒီတစ်ခါတော့ ခွဲကြည့်ကြရအောင်နော် ငါနောက်ဆုံးနှစ်ကြရင်စာမေးပွဲလာဖြေမှာပဲကို အဲဒါပြီးရင်ရွာမှာအတူနေလို့ရပီလေ"
Fotကပြောတော့အကုန်လုံးကဝိုင်းဖက်ကာငိုကြသည်
"မင်းမရှိဘဲ ဘယ်လိုနေရမလဲမသိတော့ဘူးအီးးး ဟီးးးဟီးးး"
"ဟုတ်တယ် ငါတို့ရဲ့ဆည်းလည်းလေး ငါတို့ကိုဆက်သွယ်နော်"
"မင်းတို့ကလည်းငါနိုင်ငံခြားထိသွားမှာကျနေတာပဲရွာသွားမှာကို"
သူငယ်ချင်းတွေပြောတော့Fotကစိတ်သက်သာစေရန်ေပြာင်ပြောလေးပြောလိုက်သည်
ထို့နောက် သူငယ်ချင်းများဖက်ကာငိုကြပြန်သည်
Fotဒီသူငယ်ချင်းတွေကိုချစ်လိုက်ရတာ
**********
Geminiတစ်ယောက်ပါစပ်ကမကြိုက်ဘူးပြောပေမယ့် Cခန်းရှေ့ကဖြတ်သွားတိုင်းအခန်းထဲကိုလှမ်းကြည့်မိသည်
သူစာပြန်ပြီးနောက်ရက်ကစလို့ Fourthဆိုတဲ့ကလေးကိုမမြင်တော့ပါ အခုဆိုတစ်ပက်လောက်ရှိနေပြီ
သူ့သူငယ်ချင်းတွေပဲတွေ့မိသည် သိချင်ပေမယ့်သူသွားမမေးချင်ပါ
YOU ARE READING
A Story Of Highschool(အထက်တန်းကျောင်းပုံပြင်တပုဒ်)(Complete)
Fanfictionဒီကမ္ဘာပေါ်မှာFourthဆိုတဲ့ငါ့ရဲ့ဖြစ်တည်မှုကိုတောင်မသိတဲ့Aခန်းကGeminiဆိုတဲ့တယောက် ကြောင့် နာကျင်ခဲ့ဖူးသည်