19⭐

970 73 26
                                    

အနမ်းတွေသိပ်သည်းလာတာနဲ့အမျှFotအသက်ရူကျပ်လာတာမို့ Gemရဲ့ရင်ဘက်ကိုလက်သီးဆုပ်လေးနဲ့ထုကာ ရပ်ခိုင်းမိတော့ Gemကရပ်ပေးခဲ့ပေမယ့် ရီဝေဝေမျက်ဝန်းတွေနဲ့ သူ့ရဲ့နှုတ်ခမ်းကို နှမြောသသကြည့်နေသေးတယ်

"Gem  မင်းဘာလုပ်နေလဲဆိုတာ သိလားဟင် မင်းငါ့ကို Preyနဲ့ မှားနေပြန်တာလား"

Fotကမောဟိုက်စွာစကားကိုနားပြီးပြော‌ေနရသည်

ထိုအခါGemကချစ်ရည်ရွှမ်းနေတဲ့မျက်ဝန်းတွေနဲ့ကြည့်ကာပြောသည်

"ဟင့်အင်းးးမမှားပါဘူးFotရယ် သေချာပေါက် ကိုယ့်နှလုံးသားထဲမှာရှိတာ
မင်းတစ်ယောက်ထဲပါဘဲ

ကိုယ်Preyကိုမချစ်ခဲ့ဘူး
ကိုယ်ချစ်တယ်လို့အထင်မှားခဲ့ရုံပါ

မင်းကိုပြန်တွေ့တဲ့အချိန်မှာ ကိုယ့်ရဲ့ခံစားချက်အစစ်မှန်တွေကိုသိခဲ့ရတယ်

ကိုယ်မင်းကိုချစ်တယ်Fot
မင်းကိုကိုယ်အရမ်းချစ်တာယုံပေးပါ

မင်းကိုယ့်အပေါ်ထားတဲ့အချစ်တွေကျန်သေးလားဟင် ကိုယ်မျှော်လင့်လို့ရမလား"

"မင်းးးသိနေခဲ့တာလား
ငါမင်းကိုချစ်ခဲ့တာကိုလေ
ဟင့် မင်းအရင်ကငြင်းခဲ့တာပဲမဟုတ်ဘူးလား အခုမှ ဟင့် အခုမှ ဘာလို့
ငါမင်းကိုမေ့ပစ်ဖို့ကြိုးစားနေချိန်မှ.  ဘာလို့လဲ"

Fotတစ်ယောက်ရင်တွင်းမှဝမ်းနည်းစွာငိုမိသည်
ဒီလူသားကသူချစ်နေတာကိုသိနေခဲ့တာတဲ့လား

အဲဒါကြောင့်လဲသူ့အပေါ်အခုလိုတွေ တန်ဖိုးမရှိသလိုဆက်ဆံနေတာပေါ့

လုပ်ရက်လိုက်တာGemရယ် ငါမင်းကိုမချစ်ခဲ့သင့်ဘူး

Fotငိုနေတာကြောင့်Gemမှာခြေမကိုင်မိလက်မကိုင်မိဖြစ်ရသည်

"ကိုယ်တောင်းပန်ပါတယ်ကွာ မငိုပါနဲ့ မင်းရဲ့မျက်ရည်တွေကို ကိုယ်တကယ် မခံစားနိုင်ဘူး

ကိုယ်အရင်ကမှားခဲ့တာတွေကိုတောင်းပန်ပါတယ်

နော် baby"

"ဟင့်အင်းးးမင်းငါချစ်နေတာသိလို့ ငါ့ကိုအပေါစားလိုဆက်ဆံနေတာမလား"

A Story Of Highschool(အထက်တန်းကျောင်းပုံပြင်တပုဒ်)(Complete)Where stories live. Discover now