ဒီနေ့ဆို နောက်ဆုံးရက်စာမေးပွဲဖြေပြီးလို့ ညမှာနှုတ်ဆက်ပါတီကျင်းပကြမှာဖြစ်သည်
ချစ်သူဖြစ်နေပေမယ့် သူနဲ့Gemနှစ်ယောက်ထဲရှိမှသာ ချစ်ကြည်နူးရသည်
သူငယ်ချင်းတွေရှေ့မှာတော့မဟုတ်သလိုတစ်ယောက်နဲ့တစ်ယောက်သားရီးလို့ခေါ်ကာ ဟန်ဆောင်ကြရသည်
သူငယ်ချင်းေတွကFotကိုGemနဲ့သိပ်သဘောမတူချင်ကြဘူးလေ
Gemကြောင့်သူတို့အသဲလေးFotကခနခနငိုရလို့ပါတဲ့
ဒီနေ့ညတော့ သူငယ်ချင်းတွေကိုဖွင့်ပြောဖို့သူတို့ဆုံးဖြတ်ထားကြသည်
ရလဒ်ကဘာပဲဖြစ်ဖြစ်သူတို့ရင်ဆိုင်မည်
သူတို့တွေလွတ်လွတ်လပ်လပ်ချစ်ရဖို့အရေး ဒီနေ့ညစွန့်စားကြတော့မည်
**********
"ဟေးးးဒီနေ့ညအပီပြင်ကဲကြမယ်ကွ မူကထနဲ့ဘီယာအဝသောက်ကြမယ်"
သူငယ်ချင်းတွေထဲကMarkကအရင်ထပြောလာခဲ့သည်
ထိုအခါ Captainကပါထပြောလာတော့သူငယ်ချင်းတွေတစ်ယောက်တစ်ပေါက်ပြောကြတော့သည်
"မမူးတဲ့သူဒီဝိုင်းအကုန်ရှင်းရမှာနော်ဟေ့"
"ဟုတ်တယ်ဟုတ်တယ် ထောက်ခံတယ်ဟေ့"
"ငါလည်းေထာက်ခံတယ်"
"ငါေရာပဲ"
"ဟုတ်တယ်ဟေ့"
ထို့နောက်သူတို့တွေစားကြသောက်ကြသည်
" baby ဟ"
သူငယ်ချင်းတွေကြားထဲမှာသူတို့ကအတူတူထိုင်တာမို့GemကFotကိုတိုးတိုးခေါ်ကာခွံ့ကျွေးသည်
"အရသာရှိလား"
"အင်းးးကိုကိုကျွေးတာမို့ပိုအရသာရှိတယ်"
ချစ်သူတွေဖြစ်ပြီးတဲ့နောက်မှာသူတို့တစ်ယောက်ကိုတစ်ယောက်နမ်စားလေးတွေသုံးလာကြသည်
Gemကလူရှင်းရင်ရှင်းသလိုသူ့ကိုbabyလို့ခါ်ပြီးလာလာနမ်းတတ်သည်
သူကလည်းကိုကိုလို့ပြန်ခေါ်တတ်နေပြီအစကေတာ့ရှက်ပေမယ့်အခုခေါ်တတ်သွားပါပြီသူတို့နှစ်ယောက် ခွံ့ကျွေးနေကြတာကိုတစ်ယောက်ယောက်တော့သတိထားမိသွားပြီထင်တယ် Promကသူတို့ကိုေမးလာခဲ့တော့သည်
YOU ARE READING
A Story Of Highschool(အထက်တန်းကျောင်းပုံပြင်တပုဒ်)(Complete)
Fanfictionဒီကမ္ဘာပေါ်မှာFourthဆိုတဲ့ငါ့ရဲ့ဖြစ်တည်မှုကိုတောင်မသိတဲ့Aခန်းကGeminiဆိုတဲ့တယောက် ကြောင့် နာကျင်ခဲ့ဖူးသည်