12⭐

832 73 8
                                    

"ဒါသူPreyတဲ့ ငါ့ကောင်လေး မနက်ဖြန်ကငါတို့ရဲ့3နှစ်ပြည့်Aniလေ မင်းတို့အကုန်လာခဲ့ကြနော်"

သူငယ်ချင်းတွေထိုင်နေကြဆိုင်မှာဆုံကြတုံးGemက‌ေကာင်မ‌ေလးတစ်‌ေယာက်နှင့်‌ေရာက်လာကာပြောလိုက်ခြင်းဖြစ်သည်

"အာ အေးပါကွာ လာရမှာပေါ့ငါ့ကောင်ရ"

Markတစ်ယောက်သာပြုံးရွှင်စွာပြန်ပြောလိုက်ပြီးကျန်သူများကမျက်နှာပျက်နေတဲ့Fotကိုကြည့်နေကြသည်

Gem တစ်ယောက်Fotကိုလှမ်းကြည့်တော့မျက်နှာပျက်နေပေမယ့်ဟန်ဆောင်ပြုံးနေတာတွေ့ရသည်

ငါတကယ်စိတ်မကောင်းပါဘူးကွာ၊မင်းမှာလည်းသာယာတဲ့မိသားစုလေး ရှိသင့်ပါတယ်၊မင်းစိတ်ဖြတ်နိုင်သွားမှာပါ

"ငါတို့လဲလာမှာပေါ့ကွ နော့Fot သွားမယ်မလား"

အခြေအနေကိုထိမ်းရန်အရိပ်ကဲနားလာသည့်တဲ့FordကFotကိုပါစစ်ကူတောင်း၍ပြောလာခြင်းဖြစ်သည်

ထိုအခါFotကပါ

"အေးပေါ့ သွားမှာပေါ့ကွ
ဟီးးးဒါနဲ့တွေ့ရတာဝမ်းသာပါတယ်နော် Khun Preyဗျ"

"ဟုတ်ဝမ်းသာပါတယ်နော် အားလုံးပဲ"

"ဟို ငါသန့်စင်ခန်းသွားချင်လာလို့သွားနှင့်မယ်နော် သားရီးတို့"

"အော်အေးးအေးး"

Fotတစ်ယောက်အငိုမျက်လုံးကိုထိမ်းကာအပြုံးမျက်နှာဖြင့်သူငယ်ချင်းတွေကိုနှုတ်ဆက်ကာထွက်လာခဲ့သည်

ကျောခိုင်းချိန်မှာကျလာတဲ့မျက်ရည်တွေမသုတ်တော့ပါဘူး ဒါနောက်ဆုံးအကြိမ်ပဲမို့

ဝမ်းသာပါတယ် မင်းအတွက်သူမကကောင်းတဲ့လက်တွဲဖော်ဖြစ်မှာပါ

နောက်ဆုံးတော့ မင်းရှာတွေ့သွားပြီပဲ မင်းလိုချင်နေခဲ့တဲ့သူကိုပေါ့

ငါစွန့်လွှတ်ဖို့အချိန်တန်ပြီထင်တယ် Gem

**********

"Fot မင်းအဆင်ပြေရဲ့လား"

Satangတစ်ယောက်Fotကိုစိတ်မချ၍ နောက်ကလိုက်လာခဲ့သည်

သန့်စင်ခန်းသွားမယ်‌ေပြာသွားတဲ့‌ေကာင်လေးကဘောလုံးကွင်းနားကသစ်ပင်ကြီးအောက်မှာထိုင်ငိုနေတယ်တဲ့

A Story Of Highschool(အထက်တန်းကျောင်းပုံပြင်တပုဒ်)(Complete)Where stories live. Discover now