8⭐

781 82 27
                                    

Fot နဲ့သူငယ်ချင်းတစ်စုဟာဆိုရင်Aခန်းရှေ့ရောက်လို့နေကြသည်

အချိန်အားဖြင့်ညနေ4နာရီ ကျောင်းဆင်းချိန်ပဲဖြစ်သည်

Aခန်းရဲ့ရှေ့ဆုံးတန်းမှစာရေးခုံပေါ်တွင် စာတစ်စောင်ရှိသည်
သေချာပေါက်Geminiဆီမှပြန်စာဖြစ်သည်

"Fot မြန်မြန်သွားယူချေလေ မြန်မြန်လုပ်"

Fordဆီမှအလျင်လိုစွာပြောသံထွက်လာတော့Fotလဲလျင်မြန်စွာစားပွဲပေါ်ကစာလေးကိုကောက်ယူကာပြန်ထွက်ခဲ့လိုက်သည်

Fotကစာကိုအရမ်းဖတ်ချင်နေပေမယ့်အိမ်ရောက်မှဖတ်ဆိုသောအားလုံး၏စကားကိုနာခံကာသူတို့အိမ်အရင်ပြန်ခဲ့လိုက်ကြသည်

**********

တစ်ဖက်တွင်လည်းGeminiတစ်ယောက်ဟာ Markနဲ့အတူသူ့ရဲ့စာရေးခုံကို အကွယ်တစ်နေရာကနေချောင်းကြည့်နေသည်

ထိုစဉ် မြင်ရသည်က
သူ့စာကိုလာယူသည့်ကောင်လေးသည် ဖြူဖြူဖွေးဖွေး သေးသေးလေးဖြစ်သည်

သူဟိုတစ်ခါမြင်ဖူးသည့် Markသူငယ်ချင်းFordတို့ဖွဲ့ထဲကတစ်ယောက်ဖြစ်နေလေသည်

သူမလိမ်ပါဘူးရင်ခုန်သွားမိသည် သို့ပေမယ့် သူလက်မခံနိုင်ပါ သူဟာယောက်ျားတစ်ယောက်ကိုကြိုက်ရအောင် ဂေးမှမဟုတ်တာ ဟင့်အင်း သူကအဖြောင့်စစ်စစ်

"အဲ့တာကြောင့်Fordက မင်းအကြောင်းငါ့လာမေးနေတာကိုးးးး"

အခုမှပေါက်ပီဟုသောအပြုံးကြီးနဲ့MarkကပြောမှGemတစ်ယောက်အတွေးတို့ရပ်တန့်ကာမေးမိသည်

"ဘာကိုလဲ ဘယ်တုန်းကလဲ မင်းငါ့ကိုမပြောဘူးနော်"

"ငါလဲ ဒီတိုင်းအရေးမကြီးဘူးထင်မိလို့ပေါ့ကွ ဟီး
မဆိုးဘူးမလားကောင်လေးက"

"ဘောကိုမဆိုးရမှာလား
ငါယောက်ျားချင်းမကြိုက်ဘူး"

"မင်းကိုက ရှေးရ်ိုးစွဲနေတာ
အချစ်ကအချစ်လေကွာ
မင်းအဲ့လိုတွေခွဲခြားမနေသင့်ဘူး"

"မသိဘူးကွာ ငါကတော့သဘာဝမကျတာတွေမလုပ်ချင်ပါဘူး"

"မင်းးးမဟုတ်သေးဘူးနော်
Gemini မင်းအတွေးခေါ်တွေ တယူသန်လွန်းနေတာ တကယ်ဆို...."

A Story Of Highschool(အထက်တန်းကျောင်းပုံပြင်တပုဒ်)(Complete)Where stories live. Discover now