Fotနိုးလာတော့ နာရီကြည့်မလို့ဖုန်းကိုယူမိတော့screen ပေါ်မှmiss callsပေါင်းများစွာတွေ့ရသည် သူမေ့နေတာဖုန်းကိုsilentလုပ်ထားမိတာသေချာပေါက်သူ့ချစ်သူငယ်ချင်းတွေေခါ်တာပေါ့
ဖုန်းပြန်ခေါ်မနေတော့ဘူး ကျောင်းရောက်မှတွေ့မယ်ဘေးကိုကြည့်မိတော့Geminiကအိပ်ပျော်နေဆဲ
ဒါဆိုသူဒီမှာအိပ်ပျော်သွားတာလား
အဲဒါကြောင့်သူငယ်ချင်းတွေကဖုန်းခေါ်ထားတာကို
Geminiကဝက်သားကင်ထဲအိပ်ဆေးများခပ်လိုက်သလားမှတ်ရတယ် သူအရမ်းအိပ်ပျော်သွားခဲ့တာ
အချိန်ကမစောတော့တာမို့ကျောင်းသွားရန်Geminiကိုနိုးရတော့သည်
"Gem ဟေ့ Gem ထတော့လေ"
ပါးလေးကိုဖွဖွလေးပုတ်ပြီးနိုးတော့ မျက်လုံးမဖွင့်ချင်ဖွင့်ချင်နဲ့ဖွင့်လာသည်
"အင်းးးနဲနဲလောက်ထပ်အိပ်လို့ရမလား baby"
ပြောပြီးGemကFotလက်ကိုပါဆွဲချလိုက်တာမို့သူ့မှာ Gemရင်ခွင်ထဲမှာအဖက်ခံထားရသည်
နာကျင်လိုက်တာ babyတဲ့
ငါ့ကိုသူ့ကောင်မလေးနဲ့မှားနေတာပဲ"ရွှတ်"
သူတွေးနေတုန်းမှာပဲ Gemကသူ့ပါးကို ရွှတ်ခနဲမြည်အောင်နမ်းလာသည်
Fotလန့်စွာGemကိုတွန်းထုပ်မိသည်
"Gem မင်းဘာလုပ်တာလဲ ငါကFourthနော် Preyမဟုတ်ဘူး အိပ်ယာထမှာလူမှားနေပြီ မျက်လုံးလေးဘာလေးပြူးပြဲကြည့်အူး ငါရေအရင်သွားချိုးတော့မယ်"
ပြောပြီးFotရေချိုးခန်းထဲသို့လှစ်ခနဲပြေးတော့သည်
"ဟင်းးးး"
"မင်းမှန်းသိပါတယ်ကွာ
မင်းမို့လို့ပါ "Gemတစ်ယောက်သက်ပြင်းချကာဆိုရင်း
ရေချိုးရန်သူပါလိုက်သွားတော့သည်**********
"ဟေ့Gem ဒီမှာမနက်စာ
ရေခဲသေတ္တာထဲမှာ ပေါင်မုန့်ပဲတွေ့လို့အဲဒါပဲကြော်ထားလိုက်တယ်"ထမင်းစားစားပွဲမှာထိုင်ကာFotကပြောလာသည်
Gemတစ်ေယာက်ကိုယ့်ကိုယ်ကိုအိမ်ေထာင်ကျသွားသလိုခံစားရသည်Fotကတကယ့်ကို အိမ်ထောင်ရှင်မလေးကျနေတာပဲ ချစ်စရာကောင်းလိုက်တာ
YOU ARE READING
A Story Of Highschool(အထက်တန်းကျောင်းပုံပြင်တပုဒ်)(Complete)
Fanfictionဒီကမ္ဘာပေါ်မှာFourthဆိုတဲ့ငါ့ရဲ့ဖြစ်တည်မှုကိုတောင်မသိတဲ့Aခန်းကGeminiဆိုတဲ့တယောက် ကြောင့် နာကျင်ခဲ့ဖူးသည်