Gemတစ်ယောက်P'Earthကိုနှုတ်ဆက်ပြီးမူးနေတဲ့Fotကိုတွဲမရတူတူမို့ကားဆီရောက်တဲ့ထိပွေ့ချီကာခေါ်ခဲ့သည်
အမူးသမားလေးကတော့ဇိမ်ကျစွာသူ့ရင်ခွင်ထဲကလိုက်ပါလာသည်
ကားဆီရောက်သော်အမူးသမားလေးကို Lover set
မှာထိုင်ခိုင်းပြီးသူကတော့driver setမှာဝင်ထိုင်လိုက်သည်"Fot ဟေးးးFot မင်းအိမ်လိပ်စာပြောအုံး"
ပါးရဲရဲလေးကိုအသာပုတ်ကာမေးလိုက်တော့ ရေရေရာရာမသိရဘဲ သူနာမည်ခေါ်သံသာကြားလာရသည်
"အင်းးးးGem"
"အင်း ငါရှိတယ်ပြောလေ Fot"
"အင်းးးလူရှုပ်ကောင် ရက်စက်တယ် အီးးးးဟီးးး"
"ဟမ်"
သူ့ကိုလည်းမကောင်းပြောပြီးငိုနေပြန်တာမို့Gemမှာဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်သွားရသည်ငိုနေတဲ့သူကိုချော့ရန်ကတစ်နည်းပဲရှိသည်မို့ အငိုတိတ်စေရန်ကိုယ်လုံးသေးသေးလေးကိုပွေ့ဖက်ထားလိုက်သည်
ထိုအခါFotဆီမှစကားသံတို့ထပ်မံထွက်ပေါ်လာပြန်သည်
"အဟင့် ငါကတော့အကြာကြီးချစ်ခဲ့ရတာ အီးးးငါပြန်လာတဲ့ချိန်မှာ ဟင့် ကြိုဆိုတာက ငါ့အသည်းကိုဓါးနဲ့မွန်းလိုက်သလိုပဲ
နာကျင်လိုက်တာဆိုတာ
Gem မကောင်းတဲ့ေကာင် မင်းကိုမုန်းပစ်လိုက်ချင်တယ် ဟင့်"ဝါကျအရှည်ကြီးပါတဲ့စကားေတွေပြာပြီး ငိုရတာမောလို့ထင်ပါ့ရဲ့ အကောင်ပေါက်လေးကရင်ခွင်ထဲမှာအိပ်ပျော်သွားတော့သည်
"ဟူးးးပြန်မချစ်နိုင်ခဲ့တာ တောင်းပန်ပါတယ်Fotရယ်
အရမ်းပင်ပန်းခဲ့မှာပဲနော်"Gemပြောပြီးအိပ်နေတဲ့ကောင်လေးရဲ့မျက်နှာလေးကို မေးစေ့ကနေကိုင်ပြီးမော့စေလိုက်သည်
မော့လာတဲ့မျက်နှာလေးကိုအနီးကပ်ကြည့်မိမှ ဒီကောင်လေးမျက်နှာပေါ်ကစံပယ်တင်မှဲ့လေးကထင်ထင်ရှားရှား နှာတံလေးဘေးနားမှာပါ ရှိနေပြန်သည်
Gemအသည်းယားစွာ သူတောင်မသိလိုက်ပါဘဲ
မှဲ့လေးတွေကိုဖိကပ်နမ်းလိုက်မိသည်
YOU ARE READING
A Story Of Highschool(အထက်တန်းကျောင်းပုံပြင်တပုဒ်)(Complete)
Fanfictionဒီကမ္ဘာပေါ်မှာFourthဆိုတဲ့ငါ့ရဲ့ဖြစ်တည်မှုကိုတောင်မသိတဲ့Aခန်းကGeminiဆိုတဲ့တယောက် ကြောင့် နာကျင်ခဲ့ဖူးသည်