အချိန်တွေတရွေ့ရွေ့ပြောင်းလဲလာခဲ့သည်
5နှစ်ရှိပြီGem ငါမင်းနဲ့အဝေးကိုထွက်လာခဲ့တာ
5နှစ်အတွင်းငါမင်းကိုသတိမရတဲ့ရက်တစ်ရက်မှမရှိခဲ့ဘူး အခုဆို ငါတို့တွေ12တန်းရဲ့နောက်ဆုံးစာမေးပွဲကိုရောက်ဖို့တစ်လပဲလိုတော့တယ်အဲ့ကျန်တဲ့တစ်လကိုငါတို့ဆီကစာကျက်ဖို့အချိန်ပေးထားတယ် ပြီးတော့စာမေးပွဲကဘန်ကောက်ကိုသွားဖြေရမှာ မင်းနဲ့တွေ့ရဖို့ငါရင်အရမ်းခုန်နေပြီ
မင်းအရင်ကထက်ချောလာနေမလားဟင်
ဒီအတောတွင်းငါသိလိုက်ရတာက မင်းကHookသီချင်းထဲကအဆိုတော်ပဲဆိုတာ မင်းသီချင်းအသစ်တွေထပ်ထွက်တာလည်းငါတွေ့တယ် ငါမင်းကိုအဝေးကနေအားပေးနေခဲ့တာနော်မင်းတော့မသိလောက်ဘူးငါ့ကိုသတိရနေမလားတွေးရအောင်လဲ မင်းကငါ့ကိုမှမသိတာဆိုတော့လဲအခက်သား
ကဲပါလေမကြာခင်တွေ့ကြမယ် အခုတော့မင်းဆီလာဖို့အထုပ်ပြင်လိုက်အူးမယ်
**********
"P'Phu မပြီးသေးဘူးလားမြန်မြန်လုပ်လေဗျာ ကားအမှီသွားရမှာပါဆို P'ကအလှပြင်နေတာလား"
အခန်းထဲကမှန်ရှေ့ကမခွာနိုင်သေးတဲ့Phuwinကိုကြည့်၍Fourthပြောလိုက်သည် ဟုတ်ပါတယ်Phuwinဆိုတာသူရွာကျောင်းမှာခင်ခဲ့တဲ့သူငယ်ချင်းအသစ် ရွာမတူပေမယ့်နီးတာမို့ ဟိုသက်ရွာဒီဘက်ရွာကူးလို့ရခြင်းဖြစ်သည်
အခုလည်းနှစ်ယောက်လုံးဘန်ကောက်အတူတူသွားမှာမို့FourthကPhuwinကိုဝင်ခေါ်ခြင်းဖြစ်သည်
"ဘောကိုအလှပြင်ရမှာလားခွေးကောင်ရ ငါ့များမိန်းကလေးထင်နေလား
creamလေးနဲနဲလိမ်းတာကို"FourthအပြောကိုPhuwinကမ ခံချင်စွာပြန်ပြောလိုက်သည်
"မသိပါဘူးးးးP'Pond ဆီသွားနေရမှာမို့များပြင်ဆင်နေသလားလို့"
"ဒါပေါ့ငါကမင်းလိုနှစ်တစ်ထောင်faမဟုတ်ဘူးလေလင်ရှိအမျိုးသားကွ
ဒါနဲ့ပြောထားအုံးမယ်နော်
ငါမင်းထက်လပိုင်းပဲကြီးတာကိုငါ့ကိုPတပ်ခေါ်တာရပ်တန်းကရပ်
အဲ့လောက်ရိုေသစရာမလိုဘူး ငါအဲ့လောက်အသက်မကြီးဘူး"
YOU ARE READING
A Story Of Highschool(အထက်တန်းကျောင်းပုံပြင်တပုဒ်)(Complete)
Fanficဒီကမ္ဘာပေါ်မှာFourthဆိုတဲ့ငါ့ရဲ့ဖြစ်တည်မှုကိုတောင်မသိတဲ့Aခန်းကGeminiဆိုတဲ့တယောက် ကြောင့် နာကျင်ခဲ့ဖူးသည်