"ပ်ိုင်လီဟုန်ရီ မင်းဘာကြောင့် အဲ့လောက်ခေါင်းကြောမာနေရတာလဲ.."
ပိုင်လီတစ်ယောက် နန်းတော်ထဲပြန်ရောက်ရောက်ချင်းပင် သူ၏ခမည်းတော်က အစေခံလွှတ်ကာ ခေါ်ခိုင်းလိုက်သည်မို့ မင်းကြီးနန်းဆောင်ထဲသို့ သွားလိုက်လေတော့ ဝင်ဝင်ချင်းပင်အဆူခံလိုက်ရသည်..
ဒါပေမဲ့လည်း အရည်ထူနေပြီမို့ နည်းနည်းမျှပင်မဖြုံတော့တဲ့အတွက် မျက်နှာထားတင်းတင်းနှင့်သာ ရပ်နေသည်..
"သားတော် ဘာလုပ်နေလို့လဲ.."
"မင်းကိုငါကြင်ယာတော်တွေနဲ့တွေ့ခိုင်းပြီဆို မင်းမှာ မရှိရှိရာအကြောင်းရှာပြီး ပျောက်ပျောက်သွားတယ် ဒီနေ့လည်း လျှိုဘုရင်ရဲ့ သမီးတော်နဲ့ တွေ့ဆုံခိုင်းမဲ့ကိစ္စကို မင်းကအဲ့ဒိအရည်မရအဖက်မရတဲ့ အရသာမြည်းစမ်းတာသွားလုပ်နေတယ်.."
"ဟင်းမြည်းစမ်းတာ အရည်ရောအဖက်ရော စားရတယ်လေ ခမည်းတော်ရဲ့.."
"ပိုင်လီဟုန်ရီ မင်းကတော့ကွာ "
မင်းကြီးလည်း ပြောစရာစကားရှာရန်ပင်မရှိဖြစ်ရသည် ခေါင်းများပင်ခဲချင်သလိုဖြစ်လာရသည်မို့ ပိုင်လီ့ကိုလက်ညှိုးထိုးကာ ကျန်လက်တစ်ဖက်ရဲ့ လက်ညှိုးနဲ့လက်မကိုသုံး၍ နဖူးအားညှစ်ရင်း သလွန်တော်ထက်သို့ ထိုင်ချလိုက်ရတော့သည်..ထို့နောက်သက်ပြင်းခပ်ရှိုက်ရှိုက်ချလ်ိုက်သည်..
"မင်းကလူတော်တစ်ယောက်ပါ မင်းကအခုဆိုအိမ်ရှေ့စံလည်းဖြစ်နေပြီ မင်းအနေနဲ့ အဲ့လိုတွေလုပ်နေရမယ့်အချ်ိန်မဟုတ်တော့ဘူး ပိုင်လီ မင်းအနေနဲ့တိုင်းပြည်အတွက်စဉ်းစားပေးသင့်ပြီ.."
"သားတော် တိုင်းပြည်အတွက်စဉ်းစားပေးပါတယ် ဒါပေမဲ့ သားတော်ရဲ့လက်ဆက်ပွဲကတိုင်းပြည်အတွက်အရေးပါနေသေးတာမှမဟုတ်တာ ဒါ့အပြင် သားတော် သူတို့တွေကိုမနှစ်သက်ဘူး မနှစ်သူကိုလည်း လက်မဆက်ချင်ဘူးမို့ ခမည်းတော်ကနားလည်ပေးပါ.."
"ဒါဖြင့်ရင်လည်း မင်းမှာနှစ်သက်တဲ့သူများရှိနေလို့လား.."
"ရှိတယ်.."
ပိုင်လီ့ရဲ့စကားကြောင့် မင်းကြီးမှာပျော်သွားရကာ ထိုင်နေရာမှထပြီး ပိုင်လီ့အနားတိုးကပ်သွားသည်..
YOU ARE READING
When we belong each other
Historical Fictionဖြူလွှလွှပုံရိပ်လေးရဲ့ သွေးနီရောင်အစွန်းအစများ ငါကိုယ်တော်၏သွေးများနှင့်သာ ရောယှက်ပါစေသား..