Part-5

270 21 0
                                    

ရှစ်ယင်တစ်ယောက် အခက်တွေ့နေရသည်..

ညစာစားပွဲက သူ့အတွက် ကျင်းပပေးထားတာမို့ မဖြစ်မနေတက်ရောက်ရမည် ဖြစ်သော်လည်း စားသောက်ရချ်ိန်တွင် မျက်နှာပေါ်က ပုဝါကို ဖယ်ရှားပြီး စားသုံးရမှာမို့ အခက်တွေ့နေသည်.. ပုဝါဖယ်လို့လည်းမရ မသွားပြန်ရင်လည်း မင်းကြီးကို မလေးစားရာရောက်မည်မို့ အကြံအိုက်နေတော့သည်..

တစ်ယောက်တည်း သီးသန့်နေခဲ့ရာက လူ့လောကထဲကို အခုမှတိုးဝင်လာတာမို့ ဒီအရာအပေါ် သူနေသားမကျသေးဘူး တစ်ယောက်တည်းနေချိန်တွေဆို ပုဝါဖယ်ရှားပြီး နေနေခဲ့ပေမဲ့ အခုက ဘာအကြောင်းမှန်း ကောင်းကောင်းမသိပါပဲ မျက်နှာကို အုပ်ထားနေရသည်..ဒီအတွက် သက်ပြင်း ခပ်ရှိုက်ရှိုက်သာ ချမိရတော့သည်..

"ဘာတွေ သက်ပြင်းချနေတာလဲ ယင်အာ.."

"ညစာစားပွဲမသွားချင်ဘူး လူတွေနဲ့လည်းတွေ့ဆုံရဦးမယ် ပြီးရင် စားပွဲသုံးဆောင်ရင် ပုဝါဖယ်ရမှာလေ ဖယ်လို့မှမရတာကြီးကို ကျွန်တော့်ကို ဘာလို့ မျက်နှာမှာ ပုဝါအုပ်ခိုင်းထားလဲ ပြီးတော့ ကျွန်တော့်အကြောင်းတွေကိုသိလားဟင် သိရင်ပြောပြပါလား.."

"ပြောရရင် မင်းကိုငါတို့စတွေ့တုန်းက ဆောင်းတွင်းဘက်ကြီး အရမ်းအေးနေတာ မင်းကငယ်တော့ အအေးဒဏ်မခံန်ိုင်ဘဲ အသက်ငွေ့ငွေ့လေးပဲ ကျန်တော့တာလေ အဲ့အချ်ိန်မှာ အမတအရှင်က တောထဲ ခဏထွက်တဲ့အချ်ိန် မင်းကိုတွေ့လ်ို့ကယ်ခဲ့တာပဲ မင်းကပြောရရင် လူသားတစ်ဦးဖြစ်တာကြောင့် တောင်ပေါ်မှာ နေနိုင်မှာ မဟုတ်ဘူး ဘာလို့ဆို သေမျိုးတွေက ငါတို့လို မသေမျိုးတွေလို စွမ်းအားမရှိလို့လေ ဒါကြောင့် မင်းကို မသေမျိုးဖြစ်အောင် အရင်ပြောင်းရတာ ပြောင်းတဲ့အချိန်မှာ မင်းကငယ်သေးတာမို့ နတ်ဝိဥာဉ်တွေရဲ့ စွမ်းအားတွေကို စုပြီး မင်းကို အစွမ်းပေးရတာ သေချာပေါက် ငါလည်းပါတာပေါ့ အဲ့ဒါကြောင့် မင်းက်ိုအသက်မပြည့်ခင်အထိ လူသားတွေနဲ့ ထိတွေ့ခွင့်မပေးတာ အခုတော့ မင်းမှာ စွမ်းအားပြည့်ဝလွန်းလို့ ကျော်လွန်ထွက်နေပြီ အဲ့ဒါကြောင့် မင်းကအခု လူသားတွေနဲ့ထိတွေ့နိုင်တာ မျက်နှာကိုအုပ်ခိုင်းထားရတာက မင်းကသာမန်မဟုတ်တဲ့ ရုပ်ရည်ရှိတယ် ငါ့ကိုမမှီပေမဲ့ပေါ့ကွာ ဟဲဟဲ အဲ့ဒါက လူသားတွေရဲ့စွဲမက်ဖွယ်ဖြစ်လာနိုင်ပြီး အဲ့လိုမျိုးနဲ့ကြုံတွေ့ရရင် မင်းသမာဓိအားကောင်းရင်တော့ ဘာမှမဖြစ်ဘူးပေါ့ မကောင်းရင်တော့ မင်းလူသားပြန်ဖြစ်မှာ အဲ့ဒါကြောင့် ပြီးတော့ ဒါတွေကို အမတအရှင်ကမပြောခိုင်းထားသေးပေမဲ့ မင်းလည်းအရွယ်ရောက်ပြီမို့ ပြောပြတာ .."

When we belong each other Where stories live. Discover now