part-20(final)

295 23 2
                                    

ရှစ်ယင်သတိရလာလေတော့ တစ်ကိုယ်လုံးနာကျင်ကာ ပူလောင်နေသည်...သတိရလာသော်လည်း မျက်လုံးဖွင့်ဖို့ရာအတွက် အားမရှိပေ..

လက်ကောက်ဝတ်နေရာမှပူလောင်မှုတွေက အသွေးအသားထဲအထိစိမ့်နေပြီး လောင်ကျွမ်းနေသည်ဟုပင် စိတ်ထဲထင်ရသည်..ပူလွန်းလှတဲ့အတွက် အသည်းခိုက်မတတ်ပင်ခံစားနေရလေသည်..

တစ်ကိုယ်လုံးကလေပေါ်မြောက်နေရပြီး ခြေကျင်းဝတ်တွင်လည်း အလားတူခံစားမှုကိုခံစားနေရသည်..

''ပူလိုက်တာ..''

အသံမှာခပ်တိုးတိုးလေးသာထွက်တော့သည်..သို့ပေမဲ့အားယူကာမျက်လုံးကိုဖွင့်မိသည်..ရောက်နေသည့်နေရာက လေဟာပြင်လိုလို​ဖြစ်နေပေမဲ့ ခြေထောက်နှင့်သိပ်မကွာသည့်နေရာတွင် ကျောက်ဖျာတစ်ချပ်ရှိနေသည်..ရာသီဥတုကသာယာနေပေမဲ့ အပြစ်ဒဏ်ခံနေရတဲ့သူတို့အတွက်တော့ သာယာနေသည့်ရာသီဥတုက သူတို့ကိုသရော်လှောင်ပြောင်နေသလိုပင်..ခေါင်းကိုငိုက်ဆိုက်ပြန်ချလိုက်ပြီး နာကျင်မှုတွေအတွက် သက်ပြင်းရှိုက်လို့ ပြန်လည်ခေါင်းမော့လိုက်ချိန်...

''ပိုင်လီ...''

ရင်ဘက်ထဲကနှလုံးသားတစ်ခုလုံးကိုစုတ်ပြတ်သတ်သွားအောင်ထိဖြစ်စေတဲ့ မြင်ကွင်းက အခုခံစားနေရတဲ့ပြင်ပကဝေဒနါတွေထက် ပိုပြင်းထန်လွန်းသည်..

ကျောက်တိုင်တွင် လက်တစ်ဖက်ဆီကိုကြိုးဖြင့်တွဲချည်ထားပြီး ထိုင်လျက်သားသတိမေ့မျောနေ​ပြီးခေါင်းငိုက်ဆိုက်ကျနေသည့်ပိုင်လီမှာ သူ့အတွက်စိတ်ထဲမွန်းကျပ်စေသည့်အကြောင်းအရင်းပင်..

''ပိုင်လီထပါဦး ပိုင်လီ...ကောခေါ်နေတယ်လေ ပိုင်လီ...''

''သတိရလာပြီပဲ ဒါဆိုငါတို့စတင်လိုက်တော့မလား..''

''အမတအရှင် ပိုင်လီ့ကိုဘာလုပ်ထားတာလဲ..''

''ဘာမှမလုပ်ရသေးဘူးလေ ဒါပေမဲ့ အခုမှစလုပ်မှာ ရေနဲ့ပက်လိုက်''

အမတအရှင်ရဲ့အမိန့်အတိုင်း ပိုင်လီ့ကိုရေနဲ့ပက်လိုက်ကြသည်..

''အဟွတ်အဟွတ်..''

ပက်လိုက်သည့်ရေများက ပိုင်လီ့ရဲ့နှာခေါင်းထဲဝင်သွားသည်မို့ ရေမွန်းကာသတိပြန်ရသွားသည်..

When we belong each other Where stories live. Discover now