part-9

231 12 2
                                    

အချိန်ဘယ်လောက်ကြာသွားလဲ မသိပေမဲ့ မိုးကောင်းကင်မှာတော့ ညအမှောင်ဟာ အတော်ပင်ကြီးစိုးနေလေပြီ..

''အာ့..''

ရှစ်ယင်နိုးလာသည့်အခါ တစ်ကိုယ်လုံးကကိုင်ရိုက်ထားခံရသလို နာကျင်နေသည်..

သူမှတ်မိတာဆိုလို့ စားသောက်ဆိုင်မှာ စားနေခဲ့ကြတာပဲရှိသည်..အဲ့နောက်ပိုင်း သူမူးဝေလာပြီ ဘာဖြစ်လို့ဖြစ်သွားမှန်းမသိတော့ပေမဲ့ အခုနိုးထလာတဲ့အခါ တစ်ကိုယ်လုံးနာကျင်နေသည်..

အသိစိတ်တွေကိုစုစည်းပြီး မျက်ဝန်းအစုံကိုဖွင့်ကြည့်လိုက်တဲ့အခါ မျက်စိရှေ့တွင်ကြိုဆိုနေသည်မှာ မှောင်နေသော ပတ်ဝန်းကျင်ပင်ဖြစ်သည် သို့သော် လရောင်ဖြာကျနေသောကြောင့် ပတ်ဝန်းကျင်အနီးတစ်ဝိုက်ကအရာတွေကိုတော့ မြင်ရသည်မို့ မြေချိုင့်တစ်ခုအတွင်းကျနေသည်ကိုသိလိုက်ရသည်..

''ဒါဘယ်နေရာလဲ ငါကဘာလို့ ဒီကိုရောက်နေရတာလဲ''

မတ်တပ်ရပ်ဖို့အတွက် ဘေးကိုလက်ထောက်လိုက်သည့်အခါ စမ်းမိလိုက်သည့်အရာကြောင့် အလန့်တကြားကြည့်လိုက်မိသည်..

''ပိုင်လီ! ပိုင်လီသတိထားပါဦး ပိုင်လီ''

ဘေးနားတွင်မလှုပ်မယက်အနေအထားဖြင့် လဲနေပြီး ဘယ်လောက်အော်ခေါ်နေပါစေ နိုးမလာတာကြောင့် စိတ်တွေအရမ်းပူနေရလေပြီ..

လဲနေတဲ့ ပိုင်လီကိုဆွဲထူပြီး သူ့ပေါ်တင်လိုက်ချိန်မှာတော့ သူ့ရဲ့အဖြူရောင်ဝတ်ရုံစတွင် ပိုင်လီရဲ့သွေးနီစွေးစွေးတွေဟာ စွန်းထင်သွားသည်..

''သွေးတွေပဲ ပိုင်လီ သတိထားပါဦး ပိုင်လီ..လာကြပါဦး ဘယ်သူရှိလဲ လာကြပါဦး ပိုင်လီ လာကြပါဦး ''

ပိုင်လီရဲ့သွေးစတွေကိုမြင်တဲ့အခါ ရှစ်ယင်တစ်ယောက် စိတ်ပူမှုတွေဟာ ထိန်းမရတော့ပေ ဒါကြောင့် ပတ်ဝန်းကျင်က်ိုကြားအောင်အော်ခေါ်ကာ အကူအညီတောင်းနေတော့သည်...

သူအသံတွေဝင်သည်ထိ အော်ခေါ်နေပေမဲ့ ဘယ်သူမှ ရောက်မလာသေးပေ..

''ပိုင်လီ သတိထားနော် ပိုင်လီ ''

ပိုင်လီရဲ့နှာခေါင်းဝကို လက်တေ့ကာစမ်းကြည့်တော့ လေတိုးသည်ကို ခံစားရမိသည်..

When we belong each other Where stories live. Discover now