နေရောင်ခြည်နွေးနွေးလေး ဖြာကျနေကာ ကျေးငှက်ကလေးများရဲ့ တွန်ကြူးသံလေးများနဲ့အတူ သာယာနာပျော်ဖွယ်ရာ မနက်ခင်းလေးသည် ပိုင်လီ့အတွက် အရင်နေ့များထက်ပင် ပိုပြီးလှပနေသည်..
ရှစ်ယင်လာမယ့်ကိစ္စနဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားနေခဲ့သည်မို့ တစ်ညလုံး အပျော်လွန်ပြီး အိပ်ယာထက်တွင် လူးလှိမ့်နေသည် မနက်ထိပင် တစ်ညလုံးမအိပ်ရသေးတဲ့အတွက် မျက်နှာချောင်ကျနေမည်လို့ ထင်မိရင် အမှားကြီးမှားနိုင်မည် ယခုဆို ပိုင်လီမျက်နှာထက်မှာ အပြုံးပန်းတို့ ဝေဆာနေကာ ရွှင်လန်းတက်ကြွနေသည်..
အခုဆို သူချစ်ရတဲ့သူက သူ့အနားကို ရောက်လာတော့မယ်မလား စာသင်ဖို့အတွက် တာဝန်ပေးအပ်ခြင်းခံရတာမို့ တစ်နှစ်လောက်နေရမည်မှာ သေချာပေါက်မလွဲပင် အဲ့အချိန်မှာ သူအတွက် အခွင့်အရေးများစွာ ရှိသည်..
မျက်နှာတစ်ဝက်ကို ပုဝါအမြဲအုပ်ထားသည်မို့ မျက်ဝန်းသွယ်လေးကိုသာ မြင်ဖူးသည် မျက်နှာတစ်ခုလုံးကို မြင်ဖူးချင်နေသည် မျက်ဝန်းလေးပဲ မြင်ရတာတောင်မှ ကြည့်ကောင်းနေတာ မျက်နှာတစ်ခုလုံးကိုသာ အပြည့်အဝမြင်တွေ့ခွင့်ရရင် ဘယ်လောက်တောင် ချောမောလိုက်မလဲ ပိုင်လီတွေးမိရုံနဲ့တင် အသည်းတစ်ဖြိုက်ဖြိုက်ကြွေဆင်းနေမိသည်..
ထိုပုဝါလေးအုပ်ထားတဲ့ မျက်ဝန်းသွယ်လေးတွေကိုမြင်ချင်ရင် တစ်နေကုန် သွားထိုင်ကြည့်နေမယ် ပေါ်တင်ကြည့်လို့ရရင်ရ မရရင် ချောင်းကြည့်မယ် အသံလေးကြားနေရမယ် သူ့ရဲ့ နေ့စဉ်လုပ်ဆောင်ပုံတွေ သိခွင့်ရမယ်..
အခွင့်သင့်ရင် သင့်သလို စကားစမြည်ပြောမယ် မကြိုက် ကြိုက်ကြိုက် ကြိုက်ကြိုက်ကြိုက် သူငြင်းလို့မရနိုင်မယ့် စကားတွေကိုပြောမယ်ဆို သူနားထောင်လောက်မှာပါ..
သူနေမှာက ငါ့အဆောင်နားဆိုတော့ အနေနီးသလိုခံစားရမှာမို့ ညညအိပ်ပျော်ပါ့မလား သူနဲ့နီးနေပြီမို့ ငါ့အတွက် အခွင့်အရေးကောင်းတွေ အများကြီး ရှိနေပြီ သူ့အဆောင်ကို မြင်ရအောင် ပြတင်းပေါက်ထပ်ဖောက်ခိုင်းလိုက်ရင်ကောင်းမလား ဒီနေရာမှာ အသုံးမလိုတဲ့ နံရံကြီးရှိနေတာပဲ နောက်နေ့ကျရင် ပြတင်းပေါက်ဖောက်ခိုက်လိုက်မယ် ဒါဆို သူ့ကိုမြင်ရလိမ့်မယ် ..
YOU ARE READING
When we belong each other
Ficção Históricaဖြူလွှလွှပုံရိပ်လေးရဲ့ သွေးနီရောင်အစွန်းအစများ ငါကိုယ်တော်၏သွေးများနှင့်သာ ရောယှက်ပါစေသား..