part-8

178 19 11
                                    

ဆောင်းဦးရာသီဖြစ်တာကြောင့် မြူခိုးလေးတွေဟာ ဝေ့ဝဲနေပြီး ချမ်းစိမ့်စိမ့်ဖြစ်နေလေသည်..

ဒါပေမဲ့ ရှစ်ယင်အဖို့တော့ ချမ်းဖို့မပြောနဲ့ ချွေးစီးပင်ထွက်နေရသည်..

အကြောင်းက ပိုင်လီကြောင့်ပင်..မြင်းစီးနေရတဲ့ပုံစံက ပိုင်လီရဲ့ရင်ခွင်ထဲရောက်သလိုဖြစ်နေတဲ့အပြင် ပိုင်လီကလည်းမြင်းထိန်းကြိုးကိုင်ထားသယောင်နှင့် သူ့အားဖက်ထားနေသည်..

ပိုင်လီက သိပ်ကိုလည်လွန်းပါသည်..

ဒီလိုလုပ်ပုံကိုသဘောမကျလို့ ဖယ်ပေးပြောပေမဲ့ ဘာစကားပြန်မှမရပဲမျက်မှောင်ကြုတ်တဲ့အကြည့်တွေသာပြန်ရသည်..

အဲ့တော့သူ့မှာ အခြားသူတွေတစ်မျိုးထင်မှာစိုးနေတာကတစ်ကြောင်း အရမ်းပြောမိလို့ လက်ရဲဇက်ရဲလုပ်တာခံရမှာကတစ်ကြောင်းနဲ့မို့ အနေရခက်နေသည်..ဒီကြားထဲ မြင်းကတလှုပ်လှုပ်နဲ့ဆိုတော့ ပိုနေရခက်နေသည်..

ခရီးနှင်လာခဲ့တာ မွန်းတည့်ချိန်ပင်ရောက်ပြီမို့ နီးစပ်ရာရွာအနီးမှာ ခရီးတစ်ထောက်နားပြီး စားသောက်ကြလေသည်..

အဲ့မှာပြဿနာကစလေပြီ..ရှစ်ယင်ကပုဝါဖယ်မရတော့ ဒီအတိုင်းထိုင်စားလို့မရဘူးဖြစ်နေလေသည်..အဲ့တော့ သူ့မှာအခက်တွေ့ရသည်..

ဒါပေမဲ့ ပိုင်လီက အခန်းသီးသန့်ပါတဲ့ဆိုင်ကိုရှာပေးနေရသည်မို့ သူတို့နှစ်ယောက်သာ ရွာအတွင်းထဲတွင်ပတ်နေရသည်..

မော့ရွှမ်းနဲ့အခြားအစောင့်တွေကတော့ ဝိုင်းကူရှာပေးမယ်ပြောပေမဲ့ ပိုင်လီကဥာဏ်ဆင်သည်..

နှစ်ယောက်တည်းလွတ်လွတ်လပ်လပ်သွားချင်တာကြောင့် သူတို့ကိုမရှာခိုင်းဘဲ သူ့ဘာသာသူပဲရှာနေသည်..

ဒီလောက်ထိန်းချုပ်ရခက် ပြောဆိုရခက် ထိတွေ့ရခက်တဲ့သူကို အခုလို ညာတာပါတေးနဲ့ဖက်ထားခွင့်ရတာ နည်းတဲ့အခွင့်အရေးကြီးလား ဒါမျိုးကို လက်လွှတ်ခံလို့မရဘူးလေ...

သူ့ရဲ့ခါးသေးသေးလေးကိုထိတွေ့ရမိတဲ့ ခံစားချက်ကဘယ်အရာနဲ့မှမလဲနိုင်ဘူး...သူ့ဆီကရတဲ့ သင်းပျံ့တဲ့ရနံ့လေးရယ် ပုဝါဖုံးထားတာကြောင့် အနည်းငယ်သာပေါ်နေတဲမျက်ဝန်းသွယ်လေးရဲ့မျက်တောင်မွေးလေးတွေက ကော့ညွတ်နေသည်..

When we belong each other Where stories live. Discover now