ရာသီဥတုလေးဟာ သာယာနေသည်..
နေလည်းအရမ်းမပူသလို ပြာလွင်လွင်ကောင်းကင်ကြီးမှာ တိမ်စုတိမ်လွှာလေးတွေယှက်ပြေးနေကြသည်..ငှက်ကလေးများကလည်း ပျော်ရွှင်စွာကစားနေကြသလို လေပြည်လေညင်းလေးကလည်း ကူးလူးတိုက်ခတ်နေသည်..
ပိုင်လီခေါင်းရင်းဘက်ပြတင်းပေါက်ကိုဖွင့်ကာတိုးဝင်လာတဲ့ လေညင်းကိုခံစားရင်း အပြင်လောကကိုကြည့်နေသည်..
ပြီးတော့ သူချစ်ရတဲ့ကောကောရဲ့အဆောင်ဘက်ကိုလည်းလှမ်းကြည့်လိုက်သည်..ဒါဟာသူ့ရဲ့မနက်တိုင်းလုပ်နေကြတစ်ခုပင်..
ကောကောသူ့ဆီမလာတာ တစ်ပတ်ကျော်လေပြီ..နန်းဆောင်သာမလာတာပါ ပုံမှန်စာသင်ဆောင်အကြိုအပို့လုပ်ပေးတာကြောင့် တွေ့ရပါသေးသည်..
ဒါပေမဲ့ခုကိစ္စကနန်းဆောင်ကိုခေါ်တိုင်းအကြောက်အကန်ငြင်းနေတာပင်.. နောက်ဆုံးတစ်ခေါက်ကကိစ္စကြောင့်များကြောက်ပြီးမလာတော့တာလားတွေးနေပေမဲ့ သူတို့တွေ့ဖြစ်ကြတဲ့အချိန်တွေမှာ သူ့နန်းဆောင်ကိုခေါ်တိုင်း အကြောင်းပြချက်အမျိုးမျိုးပေးကာ ရှောင်နေသည်..တွေ့ကြရပေမဲ့ အခြေအနေတွေက စိမ်းသက်နေသလိုပဲ..ကောကောအပေါ်ဂရုစိုက်ပေးမှုမှာ သူဘာတွေလိုအပ်သွားတာလဲ..
ပြီးတော့မေဟွား..
စေ့စပ်ပွဲဖျက်ပေးဖို့ပြောထားသည်ကို ခုထိတုတ်တုတ်မျှမလှုပ်..အခုထိနန်းတော်ထဲမှာ မျက်နှာပြောင်တိုက်ကာနေနေသည်..သူဘာသတ္တိတွေနဲ့နေနိုင်နေသလဲတော့ သူမသိပေမဲ့ သေချာအောင်သွားထပ်ပြောရမည်..
အခုတော့ ကြင်နာသူလေးကို စာသင်ဆောင်လိုက်ပို့ရင်း ကြည်နူးစရာလေးတွေဖန်တီးဦးမည်..ဒါကြောင့်စောင့်နေကြလမ်းလေးမှာစောင့်နေသည်..
အခုတလော ကောကောကထီးရဲ့အကာအကွယ်မယူတော့ဘဲလာတတ်သည်..သူ့ကိုမြင်တော့ ကောကောကမမြင်ချင်ယောင်ဆောင်ကာ တောအုပ်လေးထဲသူအရင်ဝင်သည်..ပြီးမှသူကလည်းနောက်ကလိုက်သွားသည်..ဒါဟာသူတို့ရဲ့တွေ့နေကြပုံစံပါပဲ..
လူကွယ်လောက်တဲ့နေရာဖြစ်တဲ့ သစ်ပင်အကြီးကြီးရဲ့ပင်စည်အကွယ်မှာ သူတို့ဆုံကြသည်..တွေ့ကြသည့်အခါ ပိုင်လီကရှစ်ယင်ကို မြတ်မြတ်နိုးနိုး ဖက်တွယ်လာသည်..
YOU ARE READING
When we belong each other
Historical Fictionဖြူလွှလွှပုံရိပ်လေးရဲ့ သွေးနီရောင်အစွန်းအစများ ငါကိုယ်တော်၏သွေးများနှင့်သာ ရောယှက်ပါစေသား..