မင်းကြီး၏အိပ်ဆောင်ထဲတွင်ဖြစ်သည်..
မင်းကြီးက အရှေ့ကစားပွဲပေါ်တွင်ချထားသော ရေနွေးကြမ်းခွက်ကိုကိုင်လိုက်ကာ အရှေ့တွင် ပေလိပ်တစ်ထပ်နဲ့အလုပ်ရှုပ်နေသော သားတော်ဖြစ်သူကို စောင့်ကြည့်နေသည်..
အရာရာတွင် အရွယ်နှင့်ပင်မလိုက်အောင် ထူးချွန်ထက်မြတ်လွန်းလှတဲ့ သားတော်ဟာ အိမ်ရှေ့စံနေရာထက်ပင် ထိုက်တန်နေလွန်းသည်..
ဘယ်အရာမဆို စနစ်တကျဖြင့် ထောင့်ကျကျ ပြားကျကျလုပ်ဆောင်တတ်ပြီး လူကဲခတ်လည်းပါးနပ်သေးသည်..
ဒါကြောင့် တစ်လလျှင်တစ်ကြိမ်သာ မင်းကြီးထံပေးပို့ရသည့် တိုင်းပြည်ရေး လူမှုရေး အခွန်ကြေးငွေကောက်ခံရေး ကိစ္စအဝဝကို ပိုင်လီကစစ်ဆေးပြီးမှသာ မင်းကြီးထံတင်ပြရသည်..
ထိုအရာတွေကို မတင်ပြသေးခင်အချိန်တွေဆို မင်းကြီး၏အိပ်ဆောင်ထဲတွင် ပေလိပ်ပုံထဲခေါင်းနှစ်ကာ နေရသည်..ထိုသို့စစ်ဆေးရသည်မှာ သုံးလေးရက်လောက်ကြာသည်မို့ ပိုင်လီတစ်ယောက် မင်းကြီး၏အိပ်ဆောင်တွင် သောင်တင်နေသည်မှာ သုံးရက်လောက်ရှိနေလေပြီ..
ဤသည်မှာ မင်းကြီးကိုယ်တိုင်ချမှတ်ထားသော စည်းကမ်းတစ်ခုပင်ဖြစ်သည်..ဒါမှသာ နောက်နောင်ပိုင်လီကမင်းကြီးအရိုက်အရာဆက်ခံတဲ့အခါ အရာရာကို တတ်သိနားလည်နေမည်မဟုတ်လား...
နောက်ဆုံးပေလိပ်ကို စစ်ဆေးပြီးသွားတဲ့ ပိုင်လီကိုကြည့်လို့ လက်ထဲကရေနွေးကြမ်းခွက်ကို တစ်ငုံသောက်လိုက်ကာ ပြန်ချလိုက်သည်..
''ဒီ အပတ်ထဲ စာသင်သားတွေကို ခရီးလိုက်ပို့ဖို့ စီစဥ်ပေးလိုက် ပိုင်လီ''
''ဘယ်ကိုပို့ဖို့ စီစဥ်ရမလဲ ခမည်းတော်''
စစ်ဆေးပြီးသွားတဲ့ ပေလိပ်တွေကို ဖရိုဖရဲမဖြစ်အောင် ပြန်စီရင်း ပြန်မေးလိုက်လေသည်..
''တောင်ပေါ်ဆိုရင် အဆင်ပြေမယ်ထင်တယ် သင်ခန်းစာတွေနဲ့ပဲ လုံးလည်ချာလည်လိုက်နေတော့ အပန်းဖြေအနေနဲ့ ခရီးထွက်စေချင်တာ''
''သားတော်စီစဥ်တာကဟုတ်ပါပြီ ရှောင်းစစ်မင်းကရော လက်ခံပါ့မလား သူက သူ့ရဲ့စာသင်ချိန်တွေကို အထိခိုက်ခံတာ မဟုတ်ဘူး''
YOU ARE READING
When we belong each other
Historical Fictionဖြူလွှလွှပုံရိပ်လေးရဲ့ သွေးနီရောင်အစွန်းအစများ ငါကိုယ်တော်၏သွေးများနှင့်သာ ရောယှက်ပါစေသား..