Hitorijanai (HaoSoon)
ဘယ်လောက်မြင့်မှန်းမသိနိုင်လောက်သောနေရာမှကြည့်စေလျှင်..ဤဟန်မြစ်သည်တော်တော်လေးကိုလှတယ်ဆိုတာလက်မခံချင်လဲလက်ခံရမည်ဖြစ်သည်။
ဖုန်းမှမက်ဆေ့စ်လေးတစ်စောင်ရောက်သံတစ်သံတက်လာခဲ့သည်။သူ့ညီမဖြစ်သူသည်သူ့အားလိုက်ရှာနေသည်ကိုဘယ်သူမှမပြောလဲသိနိုင်သည်။သို့သော်ဖုန်းဘယ်နားရှိစေသည်ကိုလုံးဝမသိရပေ ဖတ်ကြည့်ဖို့လည်းစိတ်မဝင်စား။သူ့ရဲ့ယခုအချိန်၊ယခုအခိုက်အတန့်သည်စဉ်းစားစရာတွေးစရာတွေအများကြီးဖြစ်နေသည်ကိုတွေ့ရှိရမည်။လွန်ခဲ့သောတစ်လခန့်က.. မြောင်ဟိုဖေဖေနှင့်မေမေသည် ယာဉ်တိုက်မှုတစ်ခုကြောင့်ဆုံးပါးသွားကြရလေသည်။အခုဆိုမြောင်ဟိုနှင့်သူ့ညီမလေးပဲကျန်ရှိတော့သည်။မြောင်ဟိုကငယ်ငယ်လေးထဲကချူချာသူဖြစ်သည်မို့လတိုင်းဆေးရုံသွားပြီးဆေးသွင်းရလေ့ရှိသည်။လွန်ခဲ့တဲ့နှစ်ရက်တုန်းကတောင်မေ့လဲသွားခဲ့လို့ညီမဖြစ်သူကပဲဆေးရုံတင်ပေးခဲ့ရသည်။ယခုမြောင်ဟိုဆေးရုံကနေခြေဦးတည့်ရာထွက်ပြေးလာခဲ့သည်။
သူဒီလိုအဖြစ်မခံနိုင်ဘူး။
သူ့ကြောင့် သူ့အဖေနဲ့အမေတင်မက သူ့ညီမလေးပါခံစားနေရမှာကိုမကြည့်ရက်ဘူး..အဖြစ်မခံနိုင်ဘူး။အရာအားလုံးကကျန်းမာရေးမကောင်းပဲစုတ်စုတ်ချာချာမွေးလာခဲ့ရသည့်သူ့အမှားပင်။ယခုပင်ဖြင့် သူ့ညီမလေးသည် ဖေဖေနဲ့မေမေတို့ရဲ့လုပ်ငန်းကိုသူပဲဦးစီးဦးဆောင်ပြီး ကြိုးကြိုးစားစားလုပ်ပြီးနလန်ပြန်ထနိုင်အောင်လုပ်နေရသည်။မြောင်ဟိုကအပိုလူတစ်ယောက်။အကူအညီမ ပေးနိုင်ရင်တောင်နေပါစေ ဒုက္ခတော့မဖြစ်စေချင်ဘူး။ မပြောမဆိုထွက်ခွာသွားခဲ့သည့်မိဘနှစ်ပါးနောက်ကိုသာလိုက်သွားရန်ဆုံးဖြတ်ချက်ချခဲ့သည်။
အတွေးတွေများပြီးနောက် ဟန်မြစ်တံတားပေါ်မှာရောက်နေပြီဆိုတာရုတ်တရက်သတိရသွားခဲ့သည်။1မိနစ်.
2မိနစ်..
3မိနစ်...လေပြည်တွေကသူတို့ဘာသာသူတို့ဆက်လက်တိုက်ခတ်နေသော်ငြား၊နာရီလက်တံများသည် တစ်ရွေ့ပြီးတစ်ရွေ့ဖြေးညင်းစွာလှုပ်ရှားနေသော်ငြား၊လမ်းမပေါ်က ကားများသည်အဆက်မပြတ်မောင်းနှင်နေကြသော်ငြား.. 3မိနစ်ကျော်ကြာသည့်တိုင်ကို မြောင်ဟိုကတော့မလှုပ်မယက်ဖြင့် ဟန်မြစ်ကိုပဲငေးကြည့်နေမိသည်။ ပထမဆုံးတံတားပေါ်ကိုခြေလှမ်းလိုက်တော့သည်။