"ဟယ်... စပ်စုရပြန်ပြီ အဲ့ဒါညီးနဲ့ဘာဆိုင်လို့တုန်း"
"ဆိုင်တာပေါ့ အန်တီလေးရဲ့...အန်တီက နီ့ရဲ့အသက်ဆိုင်ဆုံးလူသားပဲဟာ..."
"နီနီနော် စပ်စလူးမ... ကိုယ့်အသက်အရွယ်လည်းပြန်ကြည့်အုံး...ဟိုကနင့်ထက်နှစ်ပြန်ကျော် အသက်ကြီးတာကိုစိတ်ဝင်စားစရာလား...နင့်ဘေးမှာဒီလောက်ဝိုင်းဝိုင်းလည်နေတဲ့ဟာ.."
"အဲ့ဒါတွေက ဘာလုပ်ရမှာလဲ...သွား....ခေါက်ထားတယ်၊ ပြောပြပါ အန်တီလေးရာ...မပြောရင် ဒီည နီ အန်တီလေးနဲ့အတူတူအိပ်မှာနော်...အိပ်ပျော်ရမယ်လို့မမှတ်နဲ့..."
"ဂွစာမ..ငါ့ကိုပဲနှိပ်စက်နေ..ပြောမယ်... ပြောမယ်"
အန်တီလေးက အမှတ်ခြစ်ပြီးသွားသည့်စာအုပ်များကို ကြိုးဖြင့် သေချာစည်းလိုက်ပြီးမှ စားပွဲပေါ်တင်ထားခဲ့ကာ သူမမှောက်အိပ်နေသည့် ခုတင်ပေါ်မှာလာထိုင်လိုက်ပါသည်။
"ငြိမ်းရယ်...အန်တီလေးရယ်...စန္ဒကူးရယ်ကညအထက်တန်းကျောင်းမှာ အတန်းတူသူငယ်ချင်းတွေ နီနီရဲ့...ငြိမ်းက ငယ်ငယ်ကတည်းက စာအရမ်းတော်တယ်...စံကကျောင်းမှာအလှဆုံး အချောဆုံးကျောင်းသူလေးပေါ့။ အန်တီလေးတို့ ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့မှာ ငြိမ်းကိုစံကအဖြေပြန်ပေးခဲ့တယ်...အန်တီလေးကပညာရေးတက္ကသိုလ်တက်...စံကစီးပွားရေးတက္ကသိုလ်တက်..ငြိမ်းကဆေးတက္ကသိုလ်တက်ရင်း ကျောင်းတွေကွဲခဲ့ရတယ်လေ...တကယ်တော့ငြိမ်းနဲ့စံတို့ဘဝခရီးက အင်မတန်ဖြောင့်ဖြူးနေခဲ့တာပါ...နှစ်ဖက်မိဘကလဲ သဘောတူ....လူငယ်ချင်းကလဲကြည်ဖြူဆိုတော့ ဘာအဖုအထစ်မှရှိတာမဟုတ်ဘူး...ဒါပေမယ့်ဖူးစာမပါဘူးလို့ပဲဆိုရမလားမသိပါဘူး...ကံကြမ္မာက စံနဲ့ငြိမ်းကိုပေါင်းစည်းခွင့်မပြုခဲ့ဘူး..."
"ဘာတွေဖြစ်ခဲ့လို့လဲဟင်..."
"စံ နောက်ဆုံးနှစ်မှာ တရားဝင်စေ့စပ်ဖြစ်ခဲ့တယ်...ငြိမ်းဟောက်စ်ဆာဂျင်ဖြစ်ရင် သူတို့လက်ထပ်ဖို့စီစဥ်ခဲ့တာလေ နိုင်ငံခြားသွားပြီးတော့ပေါ့...အဲ့ဒီနှစ်မှာပဲ စံ့ဆီမှာသွေးကင်ဆာရှိနေတာကို မထင်မှတ်ပဲသိခဲ့ရတာ။ စံကသိပ်ကိုမြိုသိပ်လွန်းခဲ့တယ်...သူခံစားနေရတဲ့ဝေဒနါကို ဘယ်သု့ကိုမှမသိစေခဲ့ဘူး...မိဘတွေတောင်မရိပ်မိတဲ့အထိပဲ...ဗြုန်းစားကြီးသိတော့ ဘယ်လိုမှကုလို့မရနိုင်တော့ဘူး...စံကလေ သူသေမယ်ဆိုတာကိုသိသိကြီးနဲ့ ဟန်မပျက်နေသွားခဲ့တာ...သူ့နှုတ်က ငြိမ်းနဲ့ခွဲရမယ်ဆိုတဲ့စကားမျိုးတစ်ခွန်းမှပြောမသွားခဲ့ဘူး...အမြဲတမ်းကြည်နူးစရာလေးတွေကိုသာ ပြောခဲ့တယ်...ငြိမ်းခမျာ စံပြုံးနေလေ....သူ့ရင်ထဲမှာကြေကွဲတဲ့ဝေဒနါတွေက ပိုဖိစီးလေးပဲ...သူတိူ့လက်ထပ်ဖို့ဖိတ်စာတွေတောင်ဝေပြီးနေပြီ...မဂ်လာဆောင်ကာနီးတစ်ရက်အလိုမှာ ငြိမ်းရင်ခွင်ထဲမှာပဲစံဆုံးသွားခဲ့တာ...ငြိမ်းဆို စံကိုယ်လုံးလေးက်ုဖက်ထားပြီး ဖြေမဆည်နိုင်အောင်ပါဘဲ...သူတို့နှစ်ယောက်ကသိပ်ကိုချစ်ကြတဲ့ချစ်သူတွေလေ....စံက်ုမီးသဂြိုလ်ပြီးအပြန်မှာ ငြိမ်းကားaccidentဖြစ်ခဲ့တာ...အန်တီလေးတို့က တစ်ခါတည်းလိုက်သေပြီမှတ်နေတာ...ငြိမ်းကတကယ်လည်းလိုက်သေချင်နေတာကိုး...ဒုက္ခိတဘဝကြီးနဲ့သူအသက်ဆက်ရှင်နေပေမဲ့....သူကဘဝသေပြီးသားသူဖြစ်ခဲ့ပြီတဲ့....သူဟာ အချစ်ကြီးတယ်....အစွဲလမ်းကြီးတယ်...စံသေတာ ဆယ်နှစိကျော်ခဲ့တာတောင် ခုချိန်ထိ တစ်ယောက်တည်းနေတာကိုပဲကြည့်..."
YOU ARE READING
ပန်းနှစ်ပွင့်ထံသို့
Romanceစစ်မှန်တဲ့ချစ်ခြင်းတွေမှာ အဆင်ပြေချောမွေ့ခြင်းမရှိတတ်ကြဘူးတဲ့...