ဤသို့ဖြင့် နာရီပေါင်းများစွာ ရက်လပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပါ၏။ ဆေးကျောင်းသူတစ်ယောက်၏ ရှောင်လွဲမရနိုင်သည့်စာမေးပွဲတွေကြားမှာ ငြိမ်းချောင့ပိတ်နေရင်း စံနဲ့ဖုန်းပြောချိန်ကိုတောင်မှ မနည်းအချိန်ပေးရလေသည်။ တစ်နှစ် နှစ်နှစ်ဆိုတာ သာမာန်လူတွေအတွက် ဟိုလှည့်ဒီလှည့်နှင့် ဘာမှမသိသာနိုင်ပေမယ့် ငြိမ်းလိုဆရာဝန်မလေးအတွက်ကတော့ စာတစ်လှည့် practicalတစ်လှည့် စာမေးပွဲတစ်လှည့်ဖြင့် လုံးလည်ချာလည်လိုက်နေရသည်။
စံနောက်ဆုံးနှစ်စာမေးပွဲအပြီး ကျောင်းပိတ်ရက်ကာလဖြစ်၏။ စပယ်လဲ ကျောင်းစာတွေကြား ပိနေသလို ငြိမ်းဆိုလျှင်တော့ ပြောဖွယ်ရာမရှိတော့။ အများသူငါ ညနေစောင်း လမ်းလျှောက်လေညှင်းခံထွက်နေကြချိန်မှာ ငြိမ်းကတော့ငြိမ်းအခန်းထဲမှာ မနက်ဖြန်ဖြေရမည့်စာမေးပွဲအတွက် လူအရိုးခေါင်းတစ်လုံးနဲ့ အလုပ်ရှုပ်နေဆဲ။
ခုတင်ဘေးစားပွဲပေါ်ရှိ handphoneမှအသံမြည်လာ၏။ သူမကိုင်ဖြစ်။ ဒီအချိန် စံ့ဆီကဖုန်းဆက်နေကျမဟုတ်တာမို့ ဆေးကျောင်းက သူငယ်ချင်းတစ်ယောက်ဆီမှ ဖြစ်နိုင်ချေ များနေသည်။
အများဆုံးဆက်သည်က ငြိမ်းကိုစာမေးကြဖို့သာမို့ ပြဋ္ဌာန်းစာအုပ်ပေါ် ခဲတံတင်လိုက်ပြီး စာကြည့်ခုံမှ အသာထလိုက်ပါ၏။ ဖုန်းကနောက်တစ်ကြိမ်ထပ်မြည်လာပြန်သည်။
"တူ..တူ..တူ..တူ"
"ဟဲလို...ငြိမ်းသက်အိမ်ပါ"
"သမီး...အန်တီအိပါ"
"သြော်...အနိတီအိ ပြောပါ"
"သမီး မနက်ဖြန်စာမေးပွဲရှိတာအန်တီသိပါတယ်...ဒါပေမဲ့မဆက်မဖြစ်လွန်းလို့ဆက်လိုက်ရတာပါ သမီးရယ်..."
"ဘယ်သူ ဘာဖြစ်လို့ပါလဲ အန်တီ"
"သမီး..သမီးလေးစံတော်တော်နေမကောင်းဘူး သမီး..သမီးလေးလာနိုင်ရင်..."
"သမီးအခုပဲလာမယ် အန်တီ..အခုလာမယ်"
ငြိမ်းဖုန်းပိတ်လိုက်ပြီး အိမ်နေရင်းအဝတ်အစားနှင့်ပင်ကားမောင်း၍ထွက်လာခဲ့သည်။ စံ့မေမေကအိမ်ဝမှဆီးကြိုစောင့်နေလေသည်။
YOU ARE READING
ပန်းနှစ်ပွင့်ထံသို့
Romanceစစ်မှန်တဲ့ချစ်ခြင်းတွေမှာ အဆင်ပြေချောမွေ့ခြင်းမရှိတတ်ကြဘူးတဲ့...