*နီနီ မိုးလင်းနေပြီ မထသေးဘူးလား အောက်မှာtennisကစားဖို့ ဗိုလ်စောင့်နေတယ်...*
*အာ....စောစောစီးစီး*
*မိန်းကလေးဖြစ်ပြီး ဒီလောက်အပျင်းကြီးရလား..ခါတိုင်းတော့ အစောကြီးထပြီး...အောက်မှာကိုယ်နဲ့ရွယ်တူယောက်ျားလေးက ပြန်စောင့်နေရတာ မရှက်ဘူးလား....*
*မရှက်ပါဘူး...ဒင်းလောက်များ စာရင်းထဲတောင်မထည့်ဘူး...*
*ပြောလိုက်ရင် ဒီလိုပဲ...ကဲ ထတော့ ...စကိတ်မစီးရလို့ tennis ပေးကစားတာတောင် ဂဂျီဂဂျောင်က ကျချင်သေးတယ်...*
သူမရေချိုးခန်းထဲဝင်၍ သွားတိုက် မျက်နှာသစ် ကိုယ်လက်သန့်စင်ကာ အားကစား၀တ်စုံအဖြူရောင်ကိုထုတ်၀တ်လိုက်သည်။ ဆံပင်ကိုသေချာဖြီးကာ ခပ်မြင့်မြင့်လေး စည်းလိုက်သည်။ နံရံမှာချိတ်ထားသည့် ဘတ်တံကိုဖြုတ်၍ ရူးဖိနပ်ကိုယူခဲ့၏။ သူမဆင်းလာတော့ ဗိုလ်က မီးဖိုခန်းထဲရောက်နေလေပြီ။
*ကျွန်တော်ကြိုက်တယ် အန်တီသင်းရဲ့...အများကြီး စားမယ်နော်*
*စားပါရှင် စားပါ....သားအန်တီလေးကိုပြောလိုက်အုံး...*
*ဟုတ်ကဲ့....တီလေး ဆေးခန်းကပြန်လာရင် ပြောလိုက်မယ်အန်တီ...*
*ဟဲ့ အငတ်...ငါ့အိမ်လာပြီး ဘာငတ်ကြီးကျနေတာလဲ...*
*အန်တီသင်းက မုန့်ဟင်းခါးချက်စားလို့ အ၀လာစားတဲ့ နီနီရဲ့...*
*မာမီကလဲ နီက အန်တီ့ကိုပဲကျွေးချင်တာ သူ့ကိုမကျွေးချင်ပါဘူး...*
"သမီးနော်...အစားအသောက်ကိုအဲ့လိုမတွန့်တိုကောင်းဘူး"
"ဟုတ်တယ်နော်...သေရင် ပြိတ္တာဖြစ်တတ်တယ်တဲ့"
"နင်ပြောပြန်ပြီ..."
"အား...နာတယ်ဟ"
သူမ ဗိုလ့်နားရွက်ကိုဆွဲလိမ်တော့ မာမီနှင့် အန်တီလေးကပါ ဝိုင်းဆူကြလေ၏။
"နီနီနော်...ဗိုလ့်ကိုသိပ်နိုင်စားတာပဲ"
"ဟာ...အန်တီလေးကလဲ ဒီကောင်ရောက်လာမှပဲ နီ့အပေါ်အချစ်တွေလျော့ကုန်ကြပြီ.."
"မလျော့ပါဘူး နီနီရယ်...ကိုယ်ပိုပြီးချစ်ပေးပါ့မယ်"
"ကြည့်...ခွေးနာ"
YOU ARE READING
ပန်းနှစ်ပွင့်ထံသို့
Romanceစစ်မှန်တဲ့ချစ်ခြင်းတွေမှာ အဆင်ပြေချောမွေ့ခြင်းမရှိတတ်ကြဘူးတဲ့...