"သမီးရေ..သမီးငြိမ်းကို ညနေစာစားဖို့ခေါ်ထားတာမေ့နေလားမသိဘူး နေတောင်စောင်းနေပြီ..သွားခေါ်လိုက်ကွယ် ပြီးရင်မေမေနဲ့ Chessထိုးအူံးမှာ.."
"ဟုတ်ကဲ့ မာမီ.."
သူမတစ်ဘက်ခြံသိူ့ ကူးလာခဲ့သည်။ ခြံထဲမှာ ဘရောင့်နီကိုမတွေ့ရပေ။ အိမ်ဝမှလူခေါ်ဘဲလ်ကိုနှိပ်လိုက်ပါသည်။
" တင်းတောင်...တင်းတောင်"
အန်တီကရေချိုးနေရာမှ ဒီအတိုင်းရေစိုကြီးနှင့်ထွက်လာကာ တ့ခါးကိုလာဖွင့်ပေး၏။
"ဘာကိစ္စရှိလို့လဲ နီနီ.."
"အန်တီ့ကို မာမီခေါ်ခိုင်းလိုက်တယ်"
"သြော်..အင်း အင်း ကိုယ်ရေချိုးနေလို့"
သူမ ဧည့်ခန်းထဲဝင်ထိုင်တော့ အခန်းထောင့်မှာအစာစားနေသည့် ဘရောင်နီ့က်ုတွေ့လိုက်ရသည်။စာပွဲအောက်မှာရှိသည့် စာအုပ်တချို့ကိုယူကြည့်နေစဥ် album တစ်ခုကိုမြင်လိုက်ရလေသည်။
သူမလှန်လှောကြည့်လိုက်တော့ အန်တီငယ်စဥ်မှ အရွယ်ရောက်သည်အထိ ရိုက်ထားသည့်ပုံများကိုတွေ့လိုက်ရသည်။ နောက်ဆုံးအကန့်မျာထည့်ထားသည့်ညမျက်နှာအနီးကပ်ပုံကိုမြင်သော် သူမစိတ်ထဲ အန်တီမသိအောင် ယူချင်စိတ်ရှိလာသဖြင့် အိပ်ခန်းထဲ တချက်လှမ်းကြည့်ကာ ဓာတ်ပုံကိုဖြုတ်ယူလိုက်ပါသည်။
အမလေး..ရင်တုန်လိုက်တာနော်။ albumကိူ နေရာတကျပြန်ထားပြီး ဓာတ်ပုံကို လူမမြင်အောင်ရင်ဘတ်ထဲထည့်၍ အသာလေးလစ်လာခဲ့တော့သည်။
အိပ်ခန်းထဲပြန်ရောက်တော့ အသာပြန်ထုတ်ကာ ဓာတ်ပုံကို ခပ်ဖွဖွနမ်းရှိုက်လိုက်မိရင်း ခပ်တိုးတိုးရယ်လိုက်မိ၏။ အန်တီရယ်..ရင်ခုန်သံတွေကို ဘယ်တော့များမှသိနိုင်မှာလဲ။
စန္ဒကူးနဲ့ပတ်သက်ပြီး အန်တီ့ရဲ့ရင်ခုန်သံတွေ ရပ်တနိ့သွားခဲ့ပြီလား။ ချစ်တတ်တဲ့နှလုံးသားလေးသေဆုံးခဲ့ပြီလားဟင်။ ငယ်ငယ်ရွယ်ရွယ်ကလေးလေးရဲ့ရင်ထဲက စစ်မှန်တဲ့ချစ်ခြင်းတွေကို အန်တီအသိအမှတ်ပြုစေချင်တယ်နော်။
"ဒေါက်..ဒေါက်.."
"ဘုရား.."
သူမ ဓာတ်ပုံကိုခေါင်းအုံးအောက်ထိုးထည့်လိုက်ပြီးနောက် ချပ်ခနဲတံခါးဖွင့်သံနဲ့အတူ အန်တီလေးအခန်းထဲသို့ဝင်လာသည်။
YOU ARE READING
ပန်းနှစ်ပွင့်ထံသို့
Romanceစစ်မှန်တဲ့ချစ်ခြင်းတွေမှာ အဆင်ပြေချောမွေ့ခြင်းမရှိတတ်ကြဘူးတဲ့...