"စိတ်ချမယ်နော် ဗိုလ်....ကားကိုလဲဂရုစိုက်မောင်းအူံး... နီနီ ဗိုလ့်နားက မခွာနဲ့နော်...ပုလဲနဲ့ဒါဒါလဲ မှာထားတာမမေ့နဲ့ အန်တီတို့ကလွှတ်ချင်တာမဟုတ်ဘူး.. ကလေးတွေပျော်ပါစေဆိုပြီး လွှတ်ရတာ"
"ဟုတ်ကဲ့ပါ အန်တီလေး.... ဒါဒါတို့ နီနီ့အနားမှာပဲ အမြဲရှိမှာပါ.."
ကားလေးက ခြံထဲမှထွက်လာ၏။ သူမတို့ သူငယ်ချင်းသုံးဦးတိုင်ပင်၍ ဂါ၀န်အနက်ရောင်ကိုသာ ၀တ်ဆင်ခဲ့ကြ၏။ ဗိုလ်က အပြာရောင်အနောက်တိုင်း၀တ်စုံနှင့်။
"အဲ့ဒီချစ်စုတစ်ယောက်ကတော့ ရှာရှာဖွေဖွေလုပ်တတ်တယ်... ဘာလို့ မျက်နှာဖုံးစွပ်လာခိုင်းဝာာလဲ မသိဘူး...."
"မဲနှိုက်ပြီး တွဲကဖို့ပြောတာပဲ... မျက်နှာဖုံးတပ်ပြီးကတော့ တစ်ယောက်နဲ့တစ်ယောက်ရှက်စရာမလိုတော့ဘူးတဲ့... အလိုက်ဖက်ဆုံးအတွဲတွေကို ဆုပေးမယ်တဲ့"
"အင်း ပျော်တော့ပျော်စရာကြီးပဲ... ငါတို့သုံးယောက်ကဆင်တူနော်... မျက်နှာဖုံးကဘာပုံလဲ..."
"ဟီးဟီး....စုန်းမကြီးပုံ"
"ဟားဟားဟား... ဒါဆိုငါတို့နဲ့တွဲကရဲဖို့ လူရှိမှာမဟုတ်ဘူး...ဗ်ုလ်ကရော"
"ဒရက်ကူလာ..."
"အား...ကြောက်စရာကြီး"
သူမတို့ လွတ်လပ်စွာ ရယ်မောလိုက်ကြ၏။ ကားက ခြံကြီးတစ်ခုထဲသို့၀င်ခဲ့၏။ သူမတို့အားလုံးမျက်နှာဖုံးစွပ်လိုက်ကြသည်။ မျက်လုံး၊နှာခေါင်းနှင့်ပါးစပ်တို့မှာ အပေါက်လေးများပါသဖြင့် အစားအသောက်စားလို့ရသေးသည်။ အပြာရောင်၀တ်စုံနှင့်ဗိုလ်က သူမတို့ကို လှည့်၍ဖြဲခြောက်လိုက်လေသည်။
"ဟာ...သွေးစုပ်မယ်လာခဲ့...."
"အာ... လန့်လိုက်တာဗိုလ်ရာ ....သွား"
သူမတို့သုံးဦးသားတိုင်ပင်၍ ဆံပင်တွေကိုကျစ်ဆံမြီးတစ်ချောင်းတည်းကျစ်လာကြသဖြင့် အတိုအရှည်သာ ကွာခြားကြသည်။ ဂါ၀န်ကလဲ ဆိုဒ်တူပုံစံတူ၊ ဖိနပ်ကလဲ တံဆိပ်တူ၊ မျက်နှာဖုံးကလဲဆင်တူမိူ့ သုံးမွှာပူးစုန်းညီအစ်မများဖြစ်နေကြသည်။ ဗိုလ်က ၀တ်လာသည့် ကုတ်ကိုကား၍ ခါးထောက်လျက် အိမ်ထဲ၀င်လာသည်မို့ အထဲမှ လူအုပ်တွေ ဝေါခနဲရယ်လိုက်ကြလေသည်။
YOU ARE READING
ပန်းနှစ်ပွင့်ထံသို့
Romanceစစ်မှန်တဲ့ချစ်ခြင်းတွေမှာ အဆင်ပြေချောမွေ့ခြင်းမရှိတတ်ကြဘူးတဲ့...