"နီလဲလိုက်ချင်တယ်..."
"ရှုပ်ပြန်ပြီ... ဒါကလေးလိုက်ရတဲ့ပွဲမဟုတ်ဘူး"
"ဟင်..အန်တီလေးကလဲ မဂ်လာဆောင်လဲမလိုက်ရ၊မွေးနေ့ပွဲလဲမလိုက်ရဆိုတော့ နီကဘယ်လိုပွဲမျိုးမှလိုက်ရမှာလဲ"
"နီနီ..မဂျစ်နဲ့ဟယ်...အန်တီလေးတို့ကျောင်းတုန်းက သူငယ်ချင်းပွဲဟဲ့..နင့်အသိတစ်ယောက်မှပါတာမဟုတ်ဘူးး"
"ဟင် ဒယ်ဒီနဲ့မာမီကလဲ Dinner သွားကြတာ..အခု အန်တီလေးကလဲ မွေးနေ့ပွဲသွားတော့ အိမ်မှာနီတစ်ယောက်တည်းကျန်တော့တာပေါ့..မတရားကြဘူး"
"ဒေါက် ဒေါက်"
တံခါးခေါက်သံနှင့်အတူ အခန်းဝမှ အကြိုင့်မျက်နှာလေးပေါ်လာ၏။
"အန်တီလေးရေ... ဒေါက်တာအန်တီက အဆင်သင့်ဖြစ်ရင်သွားမယ်လို့ပြောတယ်.."
"အေးအေး အကြိုင်...ခဏစောင့်လို့ပြောလိုက်"
"ဟုတ်ကဲ့.."
"အန်တီနဲ့တူတူသွားမှာလား..."
"အေး..ငြိမ်းနဲ့အန်တီလေးတို့ ငယ်သူငယ်ချင်းမွေးနေ့ပွဲပဲဟာ.."
"ဟာ..လိုက်ချင်တယ်"
"နီနီနော်"
"မရရင် အန်တီ့ကိုသွားပြောမယ်"
"ဟဲ့... သြော် ဒီကောင်မလေးကတော့"
Three Quarter ဘောင်းဘီနှငိ့ စပို့စ်ရှပိဝတ်ထားသည့်ပုံစံကို တချက်ငုံ့ကြည့်လိုက်ပြီး လှေကားမှဆင်းလာခဲ့လိုက်၏။ အန်တီက ဧည့်ခန်းက စန္ဒရားကိုအသာတို့ကြည့်နေလျက် မော့ကြည့်လိုက်ပါသည်။
"အန်တီ...နီလဲလိုက်ချင်တယ်"
"ဒါကလူကြီးပွဲနီနီရဲ့...မင်းပျော်မှာမဟုတ်ဘူး"
"ဒါဖြင့် မခေါ်ဘူးပေါ့ဟုတ်လား"
"နီနီရယ်... လူကြီးတွေစိတ်ရှုပ်အောင် ဂျီမကျစမ်းပါနဲ့"
လှေကားမှဆင်းလာသည့် အန်တီလေးအသံကြောင့် သူမလှေကားထစ်မှာပဲ ထိုင်ချလိုက်ပါသည်။ အန်တီ့ကိုလဲ ခပ်စိမ်းစိမ်းစိုက်ကြည့်လိုက်ပါသည်။
"နီနီ..."
"လာခေါ်မနေနဲ့..အန်တီနဲ့ ဒီတစ်သက်စကားမပြောတော့ဘူး"
YOU ARE READING
ပန်းနှစ်ပွင့်ထံသို့
Romanceစစ်မှန်တဲ့ချစ်ခြင်းတွေမှာ အဆင်ပြေချောမွေ့ခြင်းမရှိတတ်ကြဘူးတဲ့...