လွန်ခဲ့သောဆယ်နှစ်ကျော်ကာလများဆီက
"မဂ်လာပါဆရာမ"
"မဂ်လာပါကွယ်..ထိုင်ကြပါ တပည့်တို့ကို ဒီနေ့မှ ကျောင်းပြောင်းလာတဲ့ သူငယ်ချင်းအသစ်နဲ့မိတ်ဆက်ပေးမယ်နော်...လာ ဝင်လာခဲ့လေ..သမီး"
အတန်းထဲသို့ ကျစ်ဆံမြီးအရှည်ကြီးကျစ်ထားသည့် မိန်းကလေးတစ်ဦးဝင်လာ၏။ လွယ်အိတ်က အဝါဖျော့ဖျော့လေး။ ခေါင်းမှာ အဝါရောင်နှင်းဆီတစ်ပွင့်ကို ပန်ဆင်ထားလေသည်။
ကောင်မလေးက မျက်လွှာကိုအသာချရင်း ဆရာမနံဘေးမှာ ရပ်လိုက်လေသည်။ တစ်တန်းလုံးအပ်ကျသံပင်မကြားရအောင် တစ်နေရာတည်း စူးစိုက်ကြည့်နေမိကြသည်။
"သူ့နာမည်ကစန္ဒကူးလို့ခေါ်တယ်..မန္တလေးကပြောင်းလာတာပေါ့..အားလူံးမှတ်ထားကြနော်..တစ်တန်းတည်းသားအချင်းကိုညီအစ်ကိုမောင်နှမလိုသဘောထားကြရမယ်..စောင့်ရှောက်ရမယ်...အားလုံးကြားကြလား.."
"ဟုတ်ကဲ့ပါ ဆရာမ.."
"သမီးစံပယ်..စန္ဒကူးကိုခေါ်ထိုင်လိုက်ပါ..တလနောက်ကျနေတဲ့စာတွေကို စံပယ်နဲ့ငြိမ်းသက်အိမ်တို့က ဝိုင်းပြီးကူပေးရမယ်နော်...နားမလည်တာတွေရှိရင် ငြိမ်းသက်အိမ်ကရှင်းပြပေးလိုက်ပါ"
"ဟုတ်ကဲ့ပါ ဆရာမ"
ခုံအစွန်ဆုံးမှာဝင်ထိုင်လိုက်သည်မို့ ငြိမ်းအသံသြသြကိုအကြား သူမလေးဆက်ခနဲမော့ကြည့်လာသည်။ ငြိမ်းအကြည့်ကိူလွှဲ၍ ဗလာစာအုပ်ဘေးမျဥ်းကိုတားနေလိုက်ပါသည်။
လမ်းသာခြားသည့်သူမထံမှ သနပ်ခါးနံသင်းသင်းကို ရှူူရှိုူက်လိုက်ရ၏။ မျက်လုံးထောင့်မှာ့မင်နေရသည့် ဝင်းဝါသည့်အသားလေးပေါ်မှ သွေးကြောစိမ်းစိမ်းကလေးများ...သြော် ငြိမ်းဖတ်ဖူးသည့် စာအုပ်တွေထဲကညနတ်သမီးတစ်ပါး လူ့ပြည့်သို့ သက်ဆင်းလာလေပြီကော။
မုန့်စားဆင်းချိန်မှာ အခန်းဝမှာ ပြူတစ်ပြူတစ်လာချောင်းနေကြသည့် မျက်လုံးတို့ကြောင့် သူမမျက်နှာလေး အပန်းရောင်သမ်းနေသည်။ ငြိမ်းလေးထောင့်စတီးဘူးကိုဖွင့်လိုက့ပါသည်။
"ငြိမ်းရေ..စံပယ်တို့ရှေ့မှာ လာထိုင်ပါလားဟင်.."
"ဘာဖြစ်လို့လဲ စံပယ်"
YOU ARE READING
ပန်းနှစ်ပွင့်ထံသို့
Romanceစစ်မှန်တဲ့ချစ်ခြင်းတွေမှာ အဆင်ပြေချောမွေ့ခြင်းမရှိတတ်ကြဘူးတဲ့...