ညနေစောင်းမျက်ခင်းနားမှာ Dream bedတစ်လုံးချ၍ စံံကိုတင်ထား၏။ လေချိုအေးတို့က တဖြူးဖြူးတိုက်ခတ်နေသည်။ ဆံပင်တွေကို စည်းနှောင်ထားခြင်းမရှိပဲ ဒီအတိုင်းချထားသဖြင့် သူမကိုယ်ပေါ်အချိူ့၊ မြက်ခင်းပေါ်အချို့ ပြန့်ကျနေလေသည်။
နေထိုးနေသည့် အလင်းကွက်မှာ ရပ်နေသည့် စပယ်က လုံချည်စိမ်းကိုအနားညီအောင် ပြင်ဝတ်ရင်း အကျိီဖြူကို ခါးမပေါ်အောင်ဆွဲချလိုက်လေသည်။
"ငြိမ်းရေ...စပယ့်ခေါင်းကပန်း ပေါ်ပါ့မလား..."
"အမလေး...ပေါ်အောင်ရိုက်ပေးမှာပါ ဆရာမရယ်..မော်ဒယ်ဂဲလ်လုပ်မှာသာ လုပ်စမ်းပါ"
"ယုံရတာကို ငြိမ်းရဲ့...တော်ကြာ ဓာတ်ပုံလဲထွက်လာရော ဆရာမဆူပုတ်ပုတ်လို့အစခံနေရမှာ အခက်...အဟွန်း..သူက professional photographer ကိုး..."
"လျှာ်ကရှည်ပြန်ပြီ...ဆရာမတောင်မဖြစ်သေးဘူး တွေ့သမျှလူ သူ့တပည့်မှတ်ပြီး ဟောက်လားငေါက်လားနဲ့..
ကဲ ပဲထည့်တော့လေ..""အောင်မာ ဘာပဲလဲ.."
"ပဲကြီးလှော်..ပဲကြီးလှော် အီးပေါက်ရအောင်လို့..."
"ငြိမ်းနော် ညစ်စုတ်ပြီ ကြည့်ပါလား..."
စံ့ထံမှ ရယ်သံခပ်တိုးတိုးလေးထွက်လာ၏။ ငြိမ်းက ကင်မရာကို အနေအထားမှန်အောင်ချိန်လိုက်ပါသည်။
"အဲ့ဒီလိုတောင့်တောင့်ကြီး ရပ်မနေနဲ့လေ...ထန်းပင်ကြီးကျနေတာပဲ..ကိုယ်ကိုနည်းနည်းစောင်း...အာ ကျွတ် မဟုတ်သေးဘူး"
ငြိမ်းက မြက်ခင်းပေါ်ပြန်တက်၍ စပယ့်ထံသွားကာ ခန္ဓာကိုယ်အနေအထားကို ပြင်ပေးလိုက်၏။ ခေါင်းလေးကိုမငဲ့တငဲ့စောင်း လက်တစ်ဖက်က ပါးပြင်အောက်မေးစေ့ကို အသာကိုင်ထားခိုင်းပြီး...ကျန်လက်တစ်ဖက်ကို တဘီဖုန်းအနားလေးကို လက်ညှိုးလက်ခလယ်နှင့် ညှပ်ထားသလိုလေး ပြင်လိုက်ပါသည်။ခြေထောင်တဖက်ကို ရှေ့နည်းနည်းရောက်ကာ ခပ်ဖွဖွလေး ထောက်ထားစေ၏။
"အင်း...အဲ့ဒီအတိုင်း ငြိမ်ငြိမ်နေ"
ငြိမ်း ကင်မရာကိုချိန်လိုက်၏။ viewက အနေတော်ချိန်အပြီး ငြိမ်းတစ်ချက်ပြုံးလိုက်မိသည်။ မ,လှချင် မိစပယ်ပုံစံက ညနေစောင်း နေတောက်ချိန်နှင့်အံဝင်ခွင်ကျ။
YOU ARE READING
ပန်းနှစ်ပွင့်ထံသို့
Romanceစစ်မှန်တဲ့ချစ်ခြင်းတွေမှာ အဆင်ပြေချောမွေ့ခြင်းမရှိတတ်ကြဘူးတဲ့...