- Prologue - [U]

1.7K 44 9
                                    


တီးတောင်! တီးတောင်!

ဘဲလ်ခလုတ်ကို နှစ်ချက်နှိပ်လိုက်ပြီးနောက် သိပ်မကြာခင်မှာပဲ တိုက်ခန်းတံခါးကပွင့်လာခဲ့တယ်။

" အစ်မ ယွန်ဆိုဟီးမဟုတ်လားခင်မျ ပစ္စည်းလေး လာပို့ပေးတာပါခင်မျ ဒီမှာလက်ခံရရှိကြောင်းလက်မှတ်လေးထိုးပေးပါဗျ "

ပွင့်လာတဲ့တံခါးရွက်နောက်ကွယ်ကထွက်လာတဲ့ ကိုယ့်အစ်မအရွယ် အမျိုးသမီးထံ ပစ္စည်းဘူးလေးကမ်းပေးပြီးတာနဲ့ လက်ခံရရှိကြောင်းလက်မှတ်ထိုးပေးရန်အတွက်လည်း စာရွက်ဖြတ်ပိုင်းနဲ့အတူ ဘောပင်ပါတစ်ခါတည်းကမ်းပေးဖြစ်တယ်။

တစ်ဖက်အမျိုးသမီးက လက်မှတ်ထိုးပေးပြီးတာနဲ့ ပြန်ပေးလာတဲ့ ဘောပင်လေးကို လှမ်းယူလိုက်ရင်း အညင်သာဆုံးပြုံးပြလျက် ကျေးဇူးတင်စကားပြောလိုက်ပါ၏။

" ကျေးဇူးတင်ပါတယ်ဗျ "

"ဟုတ်ကဲ့ရှင့် တာ၀န်ကျေပါတယ် "

" ကျေးဇူးပါဗျ ဒါဆို မင်္ဂလာညချမ်းလေးဖြစ်ပါစေဗျာ "

ကိုယ်ကိုကိုင်းညွှတ်လျက် နှုတ်ဆက်ပြီးတာနဲ့ ထိုအခန်းတံခါးအရှေ့ကနေ ကျွန်တော်လှည့်ပြန်ခဲ့တယ်။ နောက်ကျောဘက်ဆီမှ အခန်းတံခါးပိတ်သံကိုလည်း ကြားလိုက်မိပါသေးတယ်။
ဒီနေ့အတွက်တော့ ဒီလိပ်စာဟာ ပစ္စည်းပို့ပေးရတဲ့ နောက်ဆုံးလိပ်စာပဲဖြစ်တယ်။ ဘယ်ဘက်လက်ကောက်‌၀တ်တွင် အမြဲရှိနေတဲ့ လက်ပတ်နာရီလေးကိုတစ်ချက်ကြည့်လိုက်တဲ့အခါ နာရီလက်တံအတိုကနံပါတ်၈ကို ညွှန်ပြလို့နေပြီး လက်တံအရှည်ဟာ နံပါတ် ၆ဆီမှာဖြစ်သည်။ သက်ပြင်းမောချလိုက်ပြီးနောက် စီးတော်ယာဉ် scooterလေးအပေါ်တက်ခွလျက် ထိုနေရာမှ မောင်းထွက်လာခဲ့ကာ အိမ်မပြန်ခင် ညစာ၀င်၀ယ်ရန် စိတ်ကူးဖြင့်။
ဒီညအတွက်လည်းညစာက အိမ်ပြန်လမ်းနှင့်လမ်းသင့်ရာ mini martကထမင်းလိပ်နဲ့ မက်မွန်ဖျော်ရည်ပဲ။ အိမ်ကအမေက နေမကောင်းဖြစ်တာ သုံးရက်ရှိနေပြီမို့ ဘတ်ဟျွန်းကိုယ်တိုင် အိမ်မှုကိစ္စ ချက်ဖို့ပြုတ်ဖို့အရေးကို အပြင်းအထန် ကန့်ကွက်ထားခဲ့တာလေ။

" အမြဲ တိတ်ဆိတ်နေတော့တာပဲ"

ဘတ်ဟျွန်းရဲ့ အိမ်ပြန်ချိန်ဟာ ခြောက်ကပ်တိတ်ဆိတ်လွန်းလို့ ပါးစပ်ဖျားမှတောင်ထုတ်ပြီးရေရွတ်လိုက်မိသည်။

My Boyfriend is a Mafia Boss Where stories live. Discover now