- 3 - [U]

413 34 10
                                    

မနေ့ညက ဘယ်အချိန်မှာအိပ်ပျော်သွားခဲ့မှန်းမမှတ်မိပေမဲ့ ဒီမနက်ခင်းမှာတော့ဘတ်ဟျွန်းဟာ ကောင်းကောင်းမွန်မွန်ပဲ နိုးထလာခဲ့တယ်။ နိုးနိုးချင်း တမ်းမထဘဲအိပ်ရာပေါ်ငူငူငေါင်ငေါင်ထိုင်နေတတ်သေးသည်ကား ဘတ်ဟျွန်းရဲ့ဖျောက်မရတဲ့အကျင့်တစ်ခုပဲဖြစ်၏။
ငုတ်တုတ်ဆက်ငိုက်နေရာမှ ကိုယ့်ပါးနှစ်ဖက်ကိုနှစ်ချက်ပုတ်၊ကိုယ့်မျက်လုံးကိုယ်ပွတ်သပ်ပစ်လိုက်၍မျက်လုံးသေချာပွင့်ခါမှ စောင်ခေါက်ဖို့ရန်လက်လှမ်းရင်း ရုတ်တရက် အသိစိတ်နိုးကြားသွားသည်ကား မနေ့ညကဘတ်ဟျွန်းနဲ့ အတူ အိပ်ရာမျှသုံးခဲ့ကြတဲ့ သူစိမ်းလူ။

သေစမ်း ဘယ်လိုတောင်မေ့တတ်ရသလဲ
ဗြောင်ဘတ်ဟျွန်းရ! အိပ်ချင်တဲ့စိတ်လက်ကျန်လေးဟာ ကြက်ပျောက်ငှက်ပျောက်ပဲ ပျောက်သွားခဲ့ရပြီ။ ဒီလူတော့... ဒဏ်ရာကြီးနဲ့ ဘယ်အချိန်များ အိပ်ရာထသွားတာလဲ။

နှာခေါင်းပေါက်လောက်ပဲကျယ်တဲ့ ကိုယ့်အခန်းလေးကို မျက်လုံးဝေ့၀ိုက်ကြည့်လိုက်တဲ့အခါ အခန်းထောင့်မှာကပ်ထားခဲ့တဲ့ အမှိုက်အိတ်မဲမဲကလွဲပြီး ကျန်တဲ့ပစ္စည်းတွေဟာ သူ့နေရာနဲ့သူအစီအစဉ်တကျရှိနေသေးသည်။ တော်ပါသေးရဲ့။

" ဟူး~~ ဟင် နေအုံး အမှိုက်အိတ်! ဘယ်ရောက်သွားတာလဲဟ ဒုက္ခပဲ အထဲမှာကသွေးပေနေတဲ့အ၀တ်စတွေလေ သေစမ်း "

သက်ပြင်းချလို့မှမဆုံးလိုက်ဘဲ ဘတ်ဟျွန်းတို့ ထပ်မံ၍ခေါင်းနပန်းကြီးသွားခဲ့ရသည်။ မနက်စောစောစီးစီး အာရုံပဲကွာ။ချက်ချင်းပဲ အိပ်ရာပေါ်ကနေ ဝုန်းခနဲတမ်းထပစ်ကာ အိပ်ရာခင်းတွေကို ခါတိုင်းကဲ့သို့ သပ်သပ်ရပ်ရပ်မဟုတ်တော့ဘဲအလျင်စလို လုံးထွေးခေါက်သိမ်းပစ်လိုက်ပြီး အခန်းထဲမှ မပြေးရုံတမယ် ခြေလှမ်းတို့ဖြင့် ထွက်လာခဲ့လိုက်တယ်။

" နိုးပြီလား ဘတ်ဟျွန်းနီး "

အခန်းအပြင်ရောက်တာနဲ့ ထမင်းစားပွဲမှာ မနက်စာပြင်နေတဲ့မေမေ့ကိုတမ်းမြင်ရတဲ့အထိ ဘတ်ဟျွန်းတို့အိမ်ဟာ ကျဉ်းပါတယ်။

" ဟုတ်ကဲ့ မေမေ သားဒီနေ့အိပ်ရာထနည်းနည်းနောက်ကျသွားတယ်ထင်တယ် "

My Boyfriend is a Mafia Boss Where stories live. Discover now