" ပိုက်ဆံမဟုတ်ဘဲ တစ်ခြားနည်းနဲ့ဆပ်လည်း ရတယ် "" nae? ဘာကိုဆိုလိုတာလဲဟင် "
" ဆိုလိုတာက.. အကြွေးကြေအောင် ပိုက်ဆံမဟုတ်ဘဲ တစ်ခြားတစ်ခုခုပေးချင်လည်း ရတယ် အဲ့တော့..ဘယ်လိုလဲ ဘတ်ဟျွန်းနီး "
ချန်းယောလ်ရဲ့စကားကြောင့် အထိတ်တလန့်ဖြစ်သွားရတဲ့စိတ်ခံစားချက်ကို ချန်းယောလ်သတိမထားမိလေအောင် ဖုံးကွယ်ဖို့ကြိုးစားနေတဲ့ ဒီအချိန်ပိုင်းအလုပ်သမားလေးဟာ ပြူးတိပြူးကြောင်လေးကိုဖြစ်လို့..။
" ဟို..ဟိုလေ..ပတ်ခ်..ပတ်ခ်ချန်းယောလ်ရှီ ကျွန်တော့်မှာ ပိုက်ဆံအပြင် တစ်ခြားတန်ဖိုးကြီးပစ္စည်းပေးစရာမျိုးလည်းမရှိဘူးဗျ "
အခုလိုဆိုတော့ ဒီကောင်လေးဟာ ချန်းယောလ် နာမည်အရင်းကိုပဲဆက်တိုက်ခေါ်နေတော့တာပဲ။ ဒီတစ်လျှောက်လုံး ခေါင်းဆောင်ပတ်ခ်လို့ အခေါ်ခံလာရတဲ့ ပတ်ခ်ချန်းယောလ်လိုလူမျိုးအတွက် ဗြောင်ဘတ်ဟျွန်းရဲ့ထိုအခေါ်အဝေါ်ဟာ အာရုံစိုက်စရာဖြစ်နေတယ်။ သို့သော် ခံစားချက်ဟာ ထူးထူးဆန်းဆန်းပဲ..နည်းနည်းတော့သဘောကျစရာကောင်းနေသလိုလို...
" အဟက် "
ချန်းယောလ် ကိုယ့်အတွေးနဲ့ကိုယ် ရယ်ပစ်လိုက်မိတဲ့အခါ မျက်စိရှေ့က ဗြောင်ဘတ်ဟျွန်းဟာ သူ့ကို မျက်မှောင်ကြုံ့လို့ ပို၍အာရုံစိုက်လျက် ကြည့်လာတယ်။ ဒါကြောင့် ချန်းယောလ်ကပဲ ကိုယ့်ဟန်အမူအရာကိုမသိမသာပြန်ထိန်း၍ ဆက်ပြောလိုက်တယ်။
" ကိစ္စမရှိဘူး တန်ဖိုးကြီးပစ္စည်းပေးစရာဘာမှမရှိလည်း ဘတ်ဟျွန်းနီးရှိနေတာပဲ ဘတ်ဟျွန်းနီးဆိုရင်..ရပြီ "
ထိုစကားတွင် ဘတ်ဟျွန်းတစ်ယောက် တဒင်္ဂအဖို့ ဟန်ပျက်သွားရလောက်အောင် လန့်ဖြတ်သွားရတော့တယ်။
" nae? nae! ပတ်ခ်ချန်းယောလ်ရှီဆိုလိုတာကို ကျွန်တော်လုံးဝနား..နား..နားမလည်ဘူးဗျ "
ဒီနားကားကားနဲ့ပတ်ခ်ချန်းယောလ်ဆိုတဲ့လူဟာ စကားကို ကြောက်စရာကောင်းအောင် ဘယ်လိုတွေလာပြောနေရတာလဲ။တကယ်ဆိုရင်စကားရဲ့ဆိုလိုရင်းကို လုံးဝကြီးနားမလည်တာမျိုးတော့မဟုတ်ဘူး။ နားလည်သလိုလို နားမလည်သလိုလိုနဲ့..ဘယ်လိုပဲဖြစ်ဖြစ် ခံစားချက်ကြီးကဘယ်လိုမှကောင်းမနေတော့ဘူး။
YOU ARE READING
My Boyfriend is a Mafia Boss
FanfictionCHANBAEK Fanfiction written by AhShun56 🍓 ( This Fanfiction is just the imagination & creation of author AhShun56. So, please don't be serious about any characters, plots or dialogues. )