- 7 - [U]

489 36 14
                                    

ကျွန်းရောင်ပေါလစ်အားပြောင်လက်နေအောင်တိုက်ထားသောလေးထောင့်ကျွန်းစားပွဲအရှည်ကြီးရဲ့ထိပ်တွင် ကိုယ်ကိုမတ်လို့ ဟန်ပန်ခပ်တောင့်တောင့်ဖြင့် ထိုင်နေသူမှာ ဖီးနစ်မာဖီးယားဂိုဏ်းရဲ့အုပ်ချုပ်သူဂိုဏ်းခေါင်းဆောင်။ တစ်နည်းအားဖြင့်ဆိုသော် သူတို့ရဲ့မာဖီးယားဘောစ့်ပတ်ခ်..။ အရှိန်အဝါကြီးသည့် မျက်နှာထားဟာ ခါတိုင်းထက်ပင်တည်တင်းလို့နေသေး၏။ ဖန်ဂေါ်လီလုံးလေးတွေလိုမျိုး ကြည်လင်တောက်ပတဲ့မျက်၀န်းအစုံဟာဖြင့် သိမ်းငှက်အကြည့်နှယ် စူးရှလို့နေပြီ။ အချိန်ကြာလာတာနဲ့အမျှ တွန့်တက်လာတဲ့ မျက်ခုံးထူတန်းတန်းတို့ ပြန်၍ဖြေလျော့သွားဖို့အရေးဘယ်လိုလုပ်ကြရမလဲဆိုတာကို ဤထမင်းစားခန်းတွင်ရှိနေတဲ့ အစေခံအစောင့်အကြပ်တို့ နည်းလမ်းရှာမတွေ့နိုင်ဖြစ်နေရ၏။ကျွန်းသားကောင်းကောင်းအသုံးပြု၍လုပ်ထားသည့် ဤကျွန်းစားပွဲရှည်အပေါ် လက်ဆစ်တုတ်သောရှည်မျောမျောလက်ချောင်းတွေဖြင့် တဒေါက်ဒေါက်အသံမြည်အောင်ခေါက်နေသံဟာ သူတို့ရဲ့ နှလုံးခုန်သံနှင့်ပင် ထပ်တူကျနေသလိုလို ဖြစ်နေရပြီ။

ဒေါက်! ဒေါက် ဒေါက်

dining room အတွင်း ထိုစားပွဲတီးခေါက်သံဟာကြီးစိုးနေလျက် မရှူမဖြစ်မို့သာ လေရှူနေရသည့်အနေအထားမှာ သူတို့ရဲ့အသက်ရှူသံများတောင်တိုးဖျော့နေကြရပြီ။ ဖြစ်နိုင်ရင် အသက်တောင်ဆက်မရှူဘဲအောင့်ထားပစ်ချင်မိတော့သည်။ အကြောင်းက သူတို့ရဲ့ခေါင်းဆောင်ဘယ်လိုမှစိတ်မကြည်လင်တော့ဘူးဆိုတာကို တည်တင်းနေတဲ့မျက်နှာထားနဲ့တင် သူတို့အားလုံးအကဲခတ်လို့သိနေကြပြီလေ။

ဤခြောက်ကပ်ကပ်အခြေအနေအားဖြိုခွင်းရန် ခေါင်းဆောင်ပတ်ခ်ရဲ့အနီးကပ်ဆုံးဧရိယာတွင်မတ်တပ်ရပ်နေတဲ့ လက်ထောက်ဖြစ်သူ လီရှင်းကပဲ မနေနိုင်စွာ စကားဦးသမ်းမေးမိတော့သည်။

" သူလမ်းမှာ ဘတ်စ်ကားကြပ်နေလို့ဖြစ်ပါလိမ့်မယ်ဗျ ..ခေါင်းဆောင်ပတ်ခ် ဒါမှမဟုတ်ရင်...ကျွန်တော်သွားကြိုပေးလိုက်ရမလား "

" မလိုဘူး သူ့ခြေထောက်နဲ့သူ၀င်လာပါစေ "

ခေါင်းဆောင်ပတ်ခ်ကပြောပြီးတာနဲ့ သူ့ရဲ့ဘယ်ဘက်လက်ကောက်၀တ်တွင်၀တ်ဆင်ထားတဲ့ ကွန်ဒိုတိုက်ခန်းတစ်လုံးနဲ့ညီမျှသောတန်ဖိုးရှိတဲ့လက်ပတ်နာရီဆီ ဖျတ်ခနဲအကြည့်ပို့၏။

My Boyfriend is a Mafia Boss Where stories live. Discover now