- 1 - [U]

496 31 10
                                    

ဒိုင်း!

ခန်းမအတွင်း ဟိန်းထွက်သွားတဲ့ သေနတ်သံတစ်ချက်။ ဦးခေါင်းတည့်တည့်ကိုချိန်ပစ်လိုက်တာမို့ အပစ်ခံရသူမှာပွဲချင်းပြီး သေဆုံးသွား၏။

အခုပဲ လူသတ်ပြီးတဲ့ သေနတ်ကို လက်ကိုင်ပုဝါပါးဖြင့် ပြန်ပြီးပွတ်သုတ်သန့်ရှင်းရေးလုပ်နေတဲ့ အမျိုးသားတစ်ဦးက ပေါလစ်သေချာတိုက်ထားလို့ မဲပြောင်နေတဲ့ဆိုဖာခုံပေါ်တွင် မျက်နှာသေဖြင့် သက်တောင့်သက်သာထိုင်လျက်ရှိသည်။

ဘောင်းဘီအမဲအရှည်နှင့် ပြောင်ချောတဲ့ ပိုးသားအမဲ ကော်လံပါအင်္ကျီလက်ရှည်တို့ရဲ့ တွဲဖက်မှု။ လှစ်ဟခံထားရတဲ့ ရင်ဘတ်ကကြယ်သီးတစ်ချို့ကြောင့် တောင့်တင်းတဲ့ရင်အုပ်ကျယ်အား တစ်စွန်းတစ်စ မြင်ရနိုင်သည်။
လည်တိုင်တွင် ‌ပလက်တီနမ်ချိန်းကြိုးခပ်မျှင်မျှင်တို့ကို ရှုပ်ယှက်ခတ်စွာ၀တ်ဆင်ထားတတ်သည်က ခေါင်းဆောင်ရဲ့ ခပ်ဆန်းဆန်း ဖက်ရှင်တွေထဲကတစ်ခု။ အခုလိုအမြင်ဆန်းတဲ့ဖက်ရှင်မျိုးကပဲ အသိုင်းအဝိုင်းကြီးထဲကထိပ်တန်းသူဌေးသမီးပျိုများကိုသာမကမျက်နှာသစ်သရုပ်ဆောင်မင်းသမီးအချို့အထိပါတန်းတန်းစွဲအရူးအမူးဖြစ်စေနိုင်လောက်အောင် ဆွဲဆောင်မှုသည်ကား အပြည့်။

အာရှရဲ့ထိပ်သီး မာဖီးယားဂိုဏ်းတွေထဲက ဒုတိယမြောက်နေရာမှာ ရပ်တည်နေတဲ့ ဖီးနစ်မာဖီးယားဂိုဏ်းရဲ့အကြီးအကဲဟာ အခြားသောဂိုဏ်းတွေက ခေါင်းဆောင်တွေလိုမျိုးနှုတ်ခမ်းမွေးတကားကားနဲ့ တက်တူးရုပ်ပြူးပြူးပြဲပြဲကြီးတွေထိုးတတ်တဲ့တုတ်တုတ်ခိုင်ခိုင်ဗလကြီးနဲ့ လူစားမျိုးလို့မှတ်ထင်လိုက်လျှင် သေချာပေါက်မှားပေလိမ့်မည်။ ခေါင်းဆောင်ဟာ မာဖီးယားဖြစ်ဖို့ကို ကံကြမ္မာကသာစီမံမပေးလိုက်ရင် သေချာပေါက်တောင်ကိုရီးယားရဲ့ နာမည်ကြီးအေဂျင်စီတွေ အလုအယက်ကမ်းလှမ်းခြင်းကိုခံရလောက်တဲ့ အာရှတစ်ခွင် လွှမ်းမိုးထားနိုင်မဲ့ ရုပ်ရည်မျိုးကိုပိုင်ဆိုင်လို့ထား၏။ယခုလက်ရှိတောင်ကိုရီးယားရဲ့နာမည်ကြီးမင်းသားအချို့တောင် ခေါင်းဆောင်ပတ်ခ်ရဲ့ရုပ်ရည်၊ ခန္ဓာကိုယ်အချိုးအစား ၊ယောင်္ကျားပီသမှုတို့ကိုမှီဖို့အများကြီးလိုသေးသည်ဆိုတာမျိုး။ အခုလည်း underworld လောကမှာဆိုရင် ခေါင်းဆောင်ရဲ့ရုပ်ရည်ဟာပြိုင်စံရှားပဲဖြစ်နေသေးသည်။
ထိုကဲ့သို့သော ခေါင်းဆောင်ပတ်ခ်ချန်းယောလ်ဟာ ရုပ်ရည်အပြင် ထပ်ပြီး ကျော်ကြားမှုရှိတဲ့ ဂုဏ်သတင်းတစ်ခုရှိနေပါသေးသည်။ ရုပ်ရည်နှင့်မလိုက်ဖက်အောင် အပျင်းပြေလည်းလူသတ်တတ်သလို သေနတ်နှင့်ကစားတဲ့နေရာမှာသိပ်တော်ပြီး သွေးအေးရက်စက်တတ်တဲ့နေရာမှာဆိုလည်း မုချပြိုင်ဘက်ကင်းပဲ ဟူ၍..။

My Boyfriend is a Mafia Boss Where stories live. Discover now