- 2 - [U]

384 38 6
                                    

ဘတ်ဟျွန်းရဲ့နှဖူးတွင်ချွေးပျံနေခဲ့ပြီ။ ထိုလူအား  တွဲကိုင်ထားရတဲ့ကြားမှ အားနာပါးနာအကြည့်တို့ဖြင့်ငဲ့ကြည့်လိုက်မိတော့သည်။ဘတ်ဟျွန်း‌ရဲ့ နေအိမ်ဟာအထပ်သုံးလွှာရှိတဲ့ အဆောက်အအုံရဲ့ ခေါင်မိုးအထပ်မှာရှိနေတာကြောင့်ပဲဖြစ်သည်။ နှစ်ယောက်သားဟာအ‌ရေအတွက်မနည်းလှတဲ့လှေကားထစ်တွေကိုကြိုးစားပမ်းစား တက်လာခဲ့ရ၏။ ထိုလူရဲ့ဒဏ်ရာဟာအဆက်မပြတ်သွေးထွက်နေဆဲဖြစ်ပေမဲ့ ဘတ်ဟျွန်းကမိမိ၀တ်ထားတဲ့အပေါ်ထပ်hoodieလေးကိုမမေ့မလျော့ချွတ်၍ ထိုလူ့ဒဏ်ရာရှိရာ ဗိုက်အောက်ပိုင်းကို စည်းနှောင်ပတ်ပေးထားတာမို့ တစိမ့်စိမ့်ထွက်နေဆဲသွေးစက်တို့က ကံကောင်းထောက်မစွာမြေပြင်ဆီသို့ တတောက်တောက်ကျမဲ့အစား hoodie မှာပဲစွန်းပေလေ၏။ မဟုတ်ရင် လှေကားထစ်တစ်လျှောက်သွေးစက်တွေကျခဲ့တာနဲ့ပဲ မနက်ဖြန်လောက်ဆို ဗြောင်ဘတ်ဟျွန်းတို့ ရဲစခန်းမှာသံသယရှိသူအဖြစ်သွားထိုင်နေရလောက်မလားဆိုတာ အတပ်မသိနိုင်။ အတွေးပေါင်းများစွာနဲ့ပဲ နောက်ဆုံးတော့ ဘတ်ဟျွန်းရဲ့ နေအိမ်ရှိရာ  ခေါင်မိုးထပ်ဆီကို ရောက်လာခဲ့ပြီ။

" ဟူးး ရောက်ပြီပဲ "

ဗြောင်ဘတ်ဟျွန်းက မိမိတွဲခေါ်လာတဲ့ အမည်မသိသူအားခဏတာမျှမေ့လျော့သွားသည့်နှယ် သူ့နှဖူးပေါ်မှချွေးစတို့ကိုလက်ခုံဖြင့်ပွတ်သုတ်ရင်း ရေရွတ်လိုက်မိခြင်းဖြစ်လေ၏။

" အယ် ဟို... ဒီနေရာကကျွန်တော့်အိမ်ပါ...အဲ အိမ်ဆိုပေမဲ့ငှားနေတာပါ..ခေါင်မိုးထပ်တွေကဈေးသက်သာတယ်လေ.."

ထိုသို့ပြောပြပြီးနောက် ဘတ်ဟျွန်းက အရူးလေးလိုမျိုး သွားဖြီးရယ်ပြလိုက်မိသေးသည်။
သို့သော် မျက်မှောင်ကြုံ့ ကြည့်လာတဲ့ သူကြောင့် ဘတ်ဟျွန်းရဲ့ အပြုံးတို့ဟာ စက္ကန့်ပိုင်းအတွင်းပျောက်ကွယ်သွားပါပြီ။ နေပါဦး ဒီလူကို သူဘာတွေသွားပြောမိတာပါလိမ့်။ လေထုကြီးဟာ ရုတ်တရက် ကျောချမ်းစရာကောင်းအောင်ပဲ အေးစိမ့်လာသလိုလို။

"ဟို..ဟို ဒဏ်ရာကြီးနဲ့ခင်များကို ဒီအထိခေါ်လာမိတာ တကယ်ပဲ အားနာမိတယ်ဗျာ"

လွှတ်ခနဲ ပြောပစ်မိပြီးခါမှ ကိုယ့်စကားကို သေချာပြန်တွေးကြည့်မိတော့...
' ဘာကြီးရယ် အားနာတယ်ပေါ့ တကယ်ဆို သူကသာငါ့ကိုအားနာသင့်တဲ့လူပဲ ငါက ဘာမှန်းမသိတဲ့သူ့ကို အိမ်အထိတောင်‌တကူးတကခေါ်လာခဲ့ပေးတာပဲကို '

My Boyfriend is a Mafia Boss Where stories live. Discover now