- 4 - [Z]

117 7 2
                                    

ဒီနေရာက // Hidden Club & Bar // တဲ့လား။
ဘယ်နှရက်အတွင်းအပိုင်သိမ်းပစ်လိုက်ရင် ကောင်းမလဲ...အတွေးနဲ့အတူ ပတ်ခ်ချန်းယောလ်ဟာ အပြုံးကြီးကြီးခပ်ရွဲ့ရွဲ့ပြုံးပစ်လိုက်တော့အ၀င်ပေါက်ဝရှိ လုံခြုံရေးအစောင့်နှစ်ဦးသည် သူ့ကို ကြောင်အစွာဖြင့် တစ်ချက်ပြူးကြည့်လာပြီးမှ ၀င်ခွင့်ပေးလိုက်လေတယ်။

စိတ်နှလုံးကိုအတိအပထကြွစေနိုင်တဲ့ တေးဂီတတွေဟာလည်းဆူဆူညံညံ။ကလပ်ရဲ့dancing floor ထဲ ခြေချလိုက်တဲ့အခါ ပုရွက်ဆိတ်အုံသဖွယ် ရှိနေကြတဲ့ လူအုပ်ဟာ ခဏချင်းတွင် လူစုကွဲသွားလျက် ပတ်ခ်ချန်းယောလ် ဘေးနားမှာ ပတ်လည်ဝိုင်းဖြစ်သွားကြတယ်။ စူးစမ်းသည့်နှယ်အကြည့်များကြားထဲ ပတ်ခ်ချန်းယောလ်မျက်နှာထားဟာလည်း ခပ်တင်းတင်း ။
ပတ်ခ်ချန်းယောလ်ဟာ ချက်ချင်းလက်ငင်း clubအတွင်းရှိလူတွေရဲ့အာရုံကိုသိသိသာသာဖမ်းစားပစ်လိုက်နိုင်တာပဲ။မဟုတ်မှလွဲရော ချန်းယောလ်ရဲ့ဘေးအနားတွင် တောင့်တောင့်ကြီး ရပ်နေကြတဲ့ တူညီဝတ်စုံနက်တွေနဲ့ ဘော်ဒီဂတ်တွေဝန်းရံပါလာခြင်းဟာ clubကလူတွေအဖို့ အမြင်ဆန်းနေတာကြောင့်များလား။ ချန်းယောလ်ရဲ့မျက်ခုံးတန်းတန်းတို့သည် ရုတ်ချည်းတွန့်ချိုးသွားကြပြီ။သူက ရောက်လေရာတိုင်းမှာ အဲ့လောက်ကြီးထိအာရုံစိုက်မခံချင်ဘူးလေ။ ဒါဟာ လက်ထောက်ဖြစ်သူလီရှင်းရဲ့အလကားအကဲပိုမှုကြောင့်ပဲ။ တကယ်ဆို ပတ်ခ်ချန်းယောလ်က K pop idolတစ်ယောက်လည်းမဟုတ်ဘူး။ချန်းယောလ်က ဘေးပတ်ပတ်လည်ကလူတွေဆီသို့ အကြည့်တစ်ချက်ဝေ့၍ ရှာရမဲ့လူကိုရှာကြည့်လိုက်တယ်။ ဒီနေရာရဲ့ ပိုင်ရှင်ကောင်ကဘယ်ရောက်နေသလဲ။

clubရဲ့ပိုင်ရှင်ကိုအကြည့်ဝေ့ပြီး လိုက်ရှာကြည့်ပေမဲ့ ချန်းယောလ်ပြန်ရလိုက်တာဟာ သိပ်ဟော့တဲ့အမိုက်စားပျိုမဒီတို့ရဲ့ ဆွဲဆောင်နေတဲ့မျက်ဝန်းတွေပဲ.. ပတ်ခ်ချန်းယောလ်နဲ့ အိပ်တမ်းကစားကြည့်ချင်တယ် ဆိုတဲ့အကြည့်မျိုးတွေနဲ့ ပုရိသအချို့လည်းရှိနေတယ်။ အင်း သဘောကျစရာတော့ကောင်းသားပဲ။ပတ်ခ်ချန်းယောလ်ကိုဆို မြင်တာနဲ့ သိပ်မက်မောနေကြတော့တာပဲ။ ဒီလို သိပ်ချောမောတဲ့ရုပ်ရည်ကြောင့်နဲ့ ။ သူတို့က ပတ်ခ်ချန်းယောလ် ရဲ့သရုပ်မှန်ဟာ ဘာကောင်လဲဆိုတာကို သေချာသိကြတာလဲမဟုတ်ဘဲနဲ့။ ဘာပဲဖြစ်ဖြစ် စိတ်မကောင်းစရာပဲ။ ပတ်ခ်ချန်းယောလ်ဆိုတဲ့သူဟာ ကိုယ့်ပစ္စည်းကို ရက်ရောတတ်တဲ့လူစားမျိုးမဟုတ်တာပဲ။ ပတ်ခ်ချန်းယောလ်တို့က ဘယ်ကိစ္စကိုမဆို စိတ်ပါမှပဲ အလုပ်ဖြစ်နိုင်မယ်။

My Boyfriend is a Mafia Boss Where stories live. Discover now