" မျိုးရိုးက ဗြောင် ဖြစ်ပြီး နာမည်ကတော့ ဘတ်ဟျွန်းပါ အဖေနာမည်က ဗြောင်ဝူဒေါ့ လွန်ခဲ့တဲ့၅နှစ်၀န်းကျင်က ကားအက်ဆီးဒန့်ကြောင့် အခင်းနေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားပါတယ် အမေနာမည်က ကင်မ်ချာဟွန်းဖြစ်ပြီး အဲ့မတော်တဆမှုကြောင့်ပဲ အခုအမြင်အာရုံဆုံးရှုံးသွားပါတယ်.. အမေလုပ်သူက မျက်ကြည်လွှာအစားထိုးကုသမှုခံယူခဲ့ပါတယ် လအနည်းငယ်ပဲ အဆင်ပြေခဲ့ပြီး မျက်သားတိမ်တွယ်တာကြောင့် မျက်မမြင်ဘ၀ကိုထပ်ရောက်သွားရတယ်လို့သိရပါတယ်.. လက်ရှိမှာမိခင်နဲ့အတူ နေထိုင်တဲ့ဗြောင်ဘတ်ဟျွန်းက မွေးချင်းမရှိတဲ့တစ်ဦးတည်းသောသားဖြစ်ပြီး အသက်က ၂၄နှစ်အရွယ်ပါ ပညာအရည်အချင်းက အထက်တန်းပြီးကတည်းက ကျောင်းဆက်မတက်တော့ဘဲ အခု ရသမျှအချိန်ပိုင်းအလုပ်တွေအကုန်၀င်လုပ်နေတယ်လို့စုံစမ်းသိထားပါတယ် အာ... ဗြောင်ဘတ်ဟျွန်းရဲ့သွေးအမျိုးအစားက O သွေး...အရပ်က 174cm..ကိုယ်အလေးချိန်က..."
ဒုန်း!
ချန်းယောလ် စိတ်မရှည်စွာ ကိုယ့်ရှေ့က စားပွဲခုံကို ထုရိုက်ချလိုက်တာနဲ့ အစီရင်ခံတင်ပြနေတဲ့ လက်ထောက်လီရှင်းရဲ့အသံဟာလည်း တိခနဲ ရပ်သွား၏။ လက်ထဲဖိုင်တွဲတစ်ခုကိုင်ထားပြီးဖတ်ပြနေခဲ့တဲ့လီရှင်းက သူ့ကို မျက်လုံးလေး၀င့်ကြည့်လာလျက်..
"ဘာ ဘာဖြစ်လို့ပါလဲ ခေါင်းဆောင်ပတ်ခ် "
မေးခွန်းထုတ်လာသေးတဲ့ လီရှင်းကို ချန်းယောလ် ဘုကြည့်ပြန်စိုက်ကြည့်ပေးလိုက်တော့.. မျက်လုံးလေးကလယ်ကလယ်ဖြစ်နေတဲ့ ဒီလူသားကောင်ဟာ ချန်းယောလ်မျက်လုံးထဲမြင်ရတာ ကန့်လန့်ဖြင့်..ဆောင့်ကန်ပစ်ချင်စရာလေး ဖြစ်လာ၏။
" ကျစ်* လီရှင်း! မင်းကို ဗြောင်ဘတ်ဟျွန်းအကြောင်းစုံစမ်းခိုင်းလိုက်တာ ဘာတွေ စုံစမ်းလာတာလဲကွ "
" အမ် "
ခေါင်းဆောင်ပတ်ခ်ရဲ့စကားမှာ လီရှင်းတို့ ကြောင်ထွက်သွားတာပဲ။ သူဘာများမှားယွင်းစုံစမ်းပေးမိလို့လဲ ။ အခုရွတ်ပြနေတာတွေအကုန်ဗြောင်ဘတ်ဟျွန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေချည်းလေ။ ဒါတွေကို ညတွင်းချင်းစုံစမ်းရှာဖွေလိုက်ရလို့ လီရှင်းမှာ အခုထိတောင် မျက်တွင်းဟောက်ပက်နဲ့ဖြစ်နေရတာ ခေါင်းဆောင်ပတ်ခ်ကမမြင်လေသလား။ ပြောရက်လိုက်လေခြင်း။
YOU ARE READING
My Boyfriend is a Mafia Boss
FanfictionCHANBAEK Fanfiction written by AhShun56 🍓 ( This Fanfiction is just the imagination & creation of author AhShun56. So, please don't be serious about any characters, plots or dialogues. )