Chapter 240
ပိုကောင်းတဲ့ဘဝတဲ့လား...
အမှန်အတိုင်းပြောရလျှင် ရှအန်းက ကလေးတစ်ယောက်ကို ပစ္စည်းဥစ္စာမချို့ယွင်းသော ဘဝကိုပေးရမည်အစား ပျော်ရွှင်စရာဘဝကိုသာ ပေးရန်အလိုရှိပေသည်။ အထူးသဖြင့် ကျူးပိုင်ရွှယ်လို သနားစရာကလေးမလေးဆိုလျှင် ပို၍ဆိုးပေသည်။
ထို့အပြင် သူမက ကျုးပိုင်ရွှယ်၏ အနာဂတ်တွင် တိုးတက်လာမည့် ကိစ္စများကို သိပေသည်။
သူမ၏ ဘဝက ဖုအန်းချီလောက်မကောင်းပဲ ဖုအန်းချီလောက် အမြင်မကျယ်သော်လည်း သူမလေးက ဉာဏ်ကောင်းကာ တောက်ပသောမိန်းမငယ်လေးဖြစ်လာပေသည်။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင်ပင် အကောင်းဆုံး တက္ကသိုလ်ကို မြင့်မားသော အမှတ်ဖြင့် ဝင်ခွင့်ရခဲ့သည်။
သူမက စာလေ့လာရာတွင်သာ အာရုံစိုက်ထားခြင်းမဟုတ်ပဲ သူမမိဘများအတွက် ဖိအားများကို ဝေမျှပြီး အချိန်ပိုင်းအလုပ်များပင် လုပ်ကိုင်ခဲ့သေးသည်။
ထို့ကြောင့် ထိုကဲ့သို့သော ကလေးတစ်ယောက်က အမြင်ကျဉ်းမည်မဟုတ်ပေ။
ကျူးပိုင်ရွှယ်က တက္ကသိုလ်ပြီးသည်နှင့် သူမ၏အနာဂတ်မှာ အတိုင်းအဆမဲ့သွားမည်ဖြစ်ကြောင်း ရှအန်း ယုံကြည်ပေသည်။
၎င်းကလည်း ရှအန်းတစ်ယောက် ကျူးမိသားစုကို ပိုက်ဆံတိုက်ရိုက်ပေးရန် တွေးမိသွားခြင်းဖြစ်သည်။
ကျူးပိုင်ရွှယ်၏ အနာဂတ်အခြေအနေများကို ရှုထျန်းထျန်းက မသိသော်လည်း သူမက သိပေသည်။
"ရှောင်ရွှယ်နဲ့ အရင်တွေ့ကြည့်ရအောင်ပါ.."
"ဒါဆို ရှောင်ရွှယ်ရဲ့ ကျောင်းကိုသွားကြတာပေါ့... နေ့လည်တောင်ရောက်ပြီဆိုတော့... သူက နေ့လည်စာကို အိမ်ပြန်စားလေ့ရှိတယ်လေ..."
ရှုထျန်းထျန်းက သူမလေး၏ တစ်နေ့တာ အချိန်ဇယားများကို သိပေသည်။
သူမက ကျူးပိုင်ရွှယ်အတွက် အတော်လေး စိတ်မကောင်းဖြစ်နေမိ၍ ရှအန်းကို ထိုကဲ့သို့ လိမ္မာလှသော ကလေးမလေးကို ပြန်ခေါ်ရန် စိတ်ပြောင်းအောင် လုပ်နေခြင်းဖြစ်သည်။
YOU ARE READING
၂ ဗီလိန်၏နူးညံ့သိမ်မွေ့သောမေမေ(ရှအန်း)
General Fictionအပိုင်း၂၀၁က နေစပါတယ်နော် Delicate Mother of a Villain Description ကမ်ဘာပျက်ကပ်ရက်များတွင် အလှတိုးခြင်းစွမ်းအားရှိသော ရှအန်းတစ်ယောက် သေဆုံးသွားခဲ့သည်။ သူမ မျက်လုံးဖွင့်လိုက်သည့်အချိန်၌ အမျိုးသမီးဇာတ်ဆောင် အနိုင်ကျင့်ခံရသည့် ဝတၳုတစ်ပုဒ်ထဲသို့ ရောက်ရှိ...