Chapter 226
ရှချန်သည် သက်ပြင်းချပြီး အချိန်အတော်ကြာ ငြိမ်သက်နေခဲ့သည်။ ထို့နောက် မည်သည့်ခံစားချက်မှမရှိသော မျက်နှာထားဖြင့် သူ၏ခေါင်းကို တစ်ဖန်ပြန်၍မော့လိုက်သည်။
"ဒါဆို..မင်းက ဒီတောင်းဆိုမှုကို လုပ်မပေးချင်ဘူးပေါ့..."
"တောင်းပန်ပါတယ်... မစ္စတာရှ, ကျွန်မမှာ အဲ့လိုလုပ်ပိုင်ခွင့်မရှိလို့ပါ...အကယ်၍ ကျွန်မမှာအဲ့လိုလုပ်ပိုင်ခွင့်ရှိတယ်ဆိုရင်တောင် ရှင့်ရဲ့တောင်းဆိုမှုကို လုပ်ပေးမှာမဟုတ်ဘူး...z
ရှအန်းက သူမ၏လက်ထဲမှ လက်ဖက်ရည်ကို ညင်သာစွာမှုတ်လိုက်သည်။
"ရှမိသားစုက ကျွန်မကို ဘယ်လိုတွေဆက်ဆံခဲ့ပြီး ဘယ်လိုတွေနှောင့်ယှက်ခဲ့တယ်ဆိုတာ သိသိကြီးနဲ့ ရှင့်က ကျွန်မကို အကူအညီတောင်းနေတာလား... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ကျွန်မက အရမ်းသဘောကောင်းနေလို့ ရှင့်ကို ထိခိုက်အောင်မလုပ်တာနော်..."
သူမသည် မူလပိုင်ရှင်၏သေဆုံးမှုနှင့် ရှရှင်းချန်က သူမ၏သားမဖြစ်နိုင်ကြောင်းကို တွေးခဲ့သည်။ မူလပိုင်ရှင်သည် သူမ၏ကလေးအရင်းက မည်သူမည်ဝါဆိုသည်ကို သေသွားသည့်တိုင် မသိခဲ့ပေ။ ရှအန်း၏နှလုံးသားသည် အေးစက်လာခဲ့သည်။
ရှမိသားစုက ထိုမျက်နှာမျိုးဖြင့် သူမကို အကူအညီတောင်းရဲသေးတယ်လား...
သူတို့ ရူးများသွားပြီလား...
"ရှအန်း... ငါတို့ရှမိသားစုက မင်းကိုဘယ်လိုတွေဒုက္ခပေးခဲ့လို့လဲ... မင်း ငါတို့မိသားစုနဲ့ ဆယ်နှစ်ကျော်ကြာ အတူနေခဲ့တာ... မင်းကို ကျောင်းတက်ခွင့်ပေးပြီး အဆင့်အတန်းမြင့်မြင့်ထားပေးခဲ့တယ်... ဒါပေမဲ့ မင်းအဲ့ဒါကိုတော့ စော်ကားစရာမလိုဘူး... မင်းကို ဖုမိသားစုက ပစ်ပယ်လိုက်တာကိုတော့ ငါတို့အပြစ်ကြောင့်လို့ မပြောနဲ့..."
ရှအန်း၏သဘောထားများက မစ္စတာရှကို စိတ်ပျက်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမက မကူညီနိုင်၍ ကုမ္ပဏီကစိုးရိမ်ဖွယ်အခြေအနေမှာပင်ရှိနေသေးသောကြောင့် ဖြစ်နိုင်သည်။
ESTÁS LEYENDO
၂ ဗီလိန်၏နူးညံ့သိမ်မွေ့သောမေမေ(ရှအန်း)
Ficción Generalအပိုင်း၂၀၁က နေစပါတယ်နော် Delicate Mother of a Villain Description ကမ်ဘာပျက်ကပ်ရက်များတွင် အလှတိုးခြင်းစွမ်းအားရှိသော ရှအန်းတစ်ယောက် သေဆုံးသွားခဲ့သည်။ သူမ မျက်လုံးဖွင့်လိုက်သည့်အချိန်၌ အမျိုးသမီးဇာတ်ဆောင် အနိုင်ကျင့်ခံရသည့် ဝတၳုတစ်ပုဒ်ထဲသို့ ရောက်ရှိ...