Chapter 252
နေရာလွတ်ထဲကို ဝင်ပြီးသည်နှင့် သူမက နဂါးနှစ်ကောင်ကို တိုက်ရိုက်သာမေးလိုက်လေသည်။
ရှောင်ဟေးက သူမ၏သားနှင့် ပတ်သတ်ပြီး တစ်ခုခုမှားနေသည်ကို ရှာတွေ့ပြီးသား ဖြစ်ရပေမည်။
"ကျွန်တော် ရှောင်ရှင်းရဲ့ စိတ်ထဲမှာ အခြား စိတ်လှိုင်းအတက်အကျကို ခံစားနေမိတာ ကြာပြီ...လက်စသတ်တော့ ဒီလိုဖြစ်နေတာကိုး..."
ရှအန်းက မျက်ဆန်လှန်လိုက်သည်။
"နင်က ရှောင်ရှင်းဆီမှာ တစ်ခုခုမှားနေကြောင်း သိပေမဲ့ ငါ့ကို ဘာမှမပြောပြခဲ့ဘူးပေါ့လေ...."
ရှအန်းက သူ့ကို အပြစ်တင်လာသောအခါတွင် ရှောင်ဟေးက ရှောင်ပိုင့်နောက်တွင် ပုန်းရင်း တိုးတိုးလေး ပြန်ပြောလေသည်။
"တမင်လုပ်တာ မဟုတ်ရပါဘူး.. ရှောင်ရှင်းလို ကလေးလေးက ဒီလိုကိစ္စကြီးကို ဖုံးကွယ်ထားမယ်လို့ ဘယ်လိုလုပ်ထင်မှာလဲလို့..."
"နင်က ရှောင်ရှင်းကို အပြစ်တင်နေတုန်းပေါ့..."
"ဟုတ်ပါပြီ... ဟုတ်ပါပြီ... ကျွန်တော့်မှားပါ... ကျွန်တော်မှားတာပါ..."
ရှအန်းက ဆက်လက်တောင်းပန်နေဆဲဖြစ်သော အနက်ရောင်နဂါးကို ကြည့်ကာ ဆက်စကားမများတော့ပဲ အဓိကအချက်ကိုသာ မေးလိုက်သည်။
"ဒါဆို... အဲ့ဒီ့ ဝိဉာဉ်ကို ဘယ်လိုအပြင်ထုတ်ကြမလဲ..."
"အရှင်မ... အဲ့တာက အရှင်ငယ်လေးရဲ့ ဝိဉာဉ်ပဲမဟုတ်ဘူးလား..."
အနာဂတ်ရှရှင်းက ရှရှင်းချန်ပဲ မဟုတ်ဘူးလား...
နဂါးနှစ်ကောင်လုံး မသိသည်မှာ ရှရှင်းနှစ်ယောက်က မတူညီကြောင်းကိုဖြစ်သည်။
စိတ်ဓာတ်နှင့် ကြီးပြင်းလာသည့် ပတ်ဝန်းကျင်က လုံးဝကွာခြားပေသည်။
အရောင်နှင့် ခွဲခြားပြရလျှင် ဤနဂါးနှစ်ကောင်လိုပင်။ ရှရှင်းချန်က ဖြူဖွေးနေပြီး ဖုယွီက မဲနက်နေသည်။
ထိုနှစ်ယောက်က လုံးဝမတူညီသည့် လူနှစ်ယောက်ဖြစ်သည်။
"မဟုတ်ဘူး.... သူက ရှောင်ရှင်းမဟုတ်ဘူး သူက ဖုယွီပဲ..."
ESTÁS LEYENDO
၂ ဗီလိန်၏နူးညံ့သိမ်မွေ့သောမေမေ(ရှအန်း)
Ficción Generalအပိုင်း၂၀၁က နေစပါတယ်နော် Delicate Mother of a Villain Description ကမ်ဘာပျက်ကပ်ရက်များတွင် အလှတိုးခြင်းစွမ်းအားရှိသော ရှအန်းတစ်ယောက် သေဆုံးသွားခဲ့သည်။ သူမ မျက်လုံးဖွင့်လိုက်သည့်အချိန်၌ အမျိုးသမီးဇာတ်ဆောင် အနိုင်ကျင့်ခံရသည့် ဝတၳုတစ်ပုဒ်ထဲသို့ ရောက်ရှိ...