Chapter 245
"တကယ်လား.... ကောင်းတာပေါ့... မေမေနဲ့ ဖေဖေ ဒီနေ့စောစောနားရပြီပဲ..."
ကလေးမလေးက ထက်မြက်သော်လည်း သူမ၏မိဘများက သူမကို လိမ်မည်ဟု ဘယ်သောအခါမှ မတွေးပေ။
သူမသမီးလေး၏မျက်နှာပေါ်ရှိ ပျော်ရွှင်နေသော အကြည့်လေးများကို ကြည့်ပြီးဝမ်လန့်ဇီ၏ နှာခေါင်းတို့ ကျိန်းစပ်လာသည်။ ထိုအလိမ္မာတုံးကလေးမလေးက သူမ၏သမီးလေးဟုတ်မနေခဲ့ပေ။
ဝမ်လန့်ကျီ မျက်ရည်တို့ စီးကျလာသည်။
"မေမေ... ဘာလို့ငိုနေတာလဲ... ဘာဖြစ်လို့လဲ... တစ်ခုခုမှားနေလို့လား..."
ခုနစ်နှစ်အရွယ်ကောင်မလေးက အလွန်အမင်း အရိပ်အကဲသိပြီး အရွယ်ရောက်သူတို့၏ ကမ္ဘာကြီး၏ အချို့သော ကိစ္စရပ်များကို နားလည်ပေသည်။
ဝမ်လန့်ကျီ ငိုကြွေးနေသည်ကို မြင်သည်နှင့် တစ်စုံတစ်ခုကို ခံစားမိပြီး စိတ်ဖိစီးသွားကာ သူမဘေးနား ပြေးကာ ဖေးမပေးလိုက်လေသည်။
ကလေးမလေးက ဝမ်လန့်ကျီကို တင်းတင်းဖက်ပြီး နှစ်သိမ့်ပေးလေသည်။
"မေမေ မငိုနဲ့နော်... မေမေ မငိုနဲ့တော့..."
သို့သော် ဝမ်လန့်ကျီမှာ ကျူးပိုင်ရွှယ်၏ သိတတ်မှုကို တွေးလေလေ ပိုငိုလေလေဖြစ်သည်။
"ဝူး.... ရှောင်ရွှယ်ရယ် အမေ့သမီးလေး... အမေ မငိုတော့ဘူးနော်... အမေမငိုတော့ဘူး..."
အမေနှင့် သမီးတို့ ဖက်တွယ်နေသည်ကိုကြည့်ပြီး ကျူးတချင်း၏ မျက်လုံးတို့ နီရဲလာသည်။
"ရှောင်ရွှယ် သမီးမေမေငိုနေတာ ဘာလို့လဲဆိုတော့... ဖေဖေဒီနေ့ တစ်ခုခုကြားခဲ့လို့.."
ကျူးတချင်းက သူ့နှလုံးသားထဲရှိ မသက်မသာဖြစ်နေမှုကို ဖိနှိပ်ကာ သူနှင့် ဝမ်လန်ကျီတို့ စီစဉ်ထားသော ဇာတ်လမ်းကို ပြောပြလိုက်သည်။
သူတို့က အခြားလူတစ်ယောက်၏ ဖြစ်ရပ်ကို ပြောပြနေသလို ဇာတ်လမ်းဆင်လိုက်ကြသည်။ သူ့သူငယ်ချင်း၏ကလေးက ထိုသူငယ်ချင်း၏ ကလေးအရင်းမဟုတ်ပဲ ထိုကလေး၏ မိခင်အရင်းမှာ သူ့သူငယ်ချင်းကို ရွေးချယ်ခွင့်ပေးခဲ့ကြောင်း စီကာပတ်ကုံး ပြောလိုက်သည်။
ŞİMDİ OKUDUĞUN
၂ ဗီလိန်၏နူးညံ့သိမ်မွေ့သောမေမေ(ရှအန်း)
Genel Kurguအပိုင်း၂၀၁က နေစပါတယ်နော် Delicate Mother of a Villain Description ကမ်ဘာပျက်ကပ်ရက်များတွင် အလှတိုးခြင်းစွမ်းအားရှိသော ရှအန်းတစ်ယောက် သေဆုံးသွားခဲ့သည်။ သူမ မျက်လုံးဖွင့်လိုက်သည့်အချိန်၌ အမျိုးသမီးဇာတ်ဆောင် အနိုင်ကျင့်ခံရသည့် ဝတၳုတစ်ပုဒ်ထဲသို့ ရောက်ရှိ...