Unicode
စာလုပ်နေတဲ့မေဦးနားမှာ ထိုင်ပြီး တာရာ မေဦးရဲ့ ဆံပင်တွေကိုကစားနေသည်။
မေဦးဆံပင်လေးတွေက ဆံလုံးသေးသေးလေးတွေနဲ့ ဖြောင့်စင်းနေသည့်ပုံစံမျိုးဖြစ်သည်။
သူစာသင်ပေးတုန်းက ဆံပင်ဂုတ်ထောက်လေးက အခု ကျောလယ်ရောက်နေပြီ။
အရင်က ခေါင်းကိုဖွဖွလေးပွတ်ပေးဖူးပင်မယ့် အဲ့သည်ထက်ပိုလိုချင်ခဲ့သောစိတ်ကိုဘယ်လိုထိန်းချုပ်ခဲ့ရလဲဆိုတာ တာရာသာသိခဲ့မည်ထင်သည်။"စာက ရေးဖို့ကျန်သေးတာလား"
"ဟုတ် ကျန်သေးတယ် ရေးရတာတော်တော်ညောင်းလာပြီ"
"ကိုယ်ရေးပေးမယ် မေဦးနားလိုက်ဦး"
သူအဆင်သင့်ဝယ်ပေးထားတဲ့မုန့်လေးတွေစားပြီး စာကူရေးကူနေတဲ့ ချစ်ရသူကိုကြည့်ပြီး ဖြတ်သန်းရတဲ့ စနေနေ့လေးကို မေဦးသာယာနေမိသည်။ မေဦးတို့ ဒုတိယဒိတ်လေးက လေးကျွန်းထဲမှာ စာလုပ်ရင်းဖြတ်သန်းဖြစ်သွားသည်။
"ကိုယ်နောက်အပတ်တွေ သိပ်မလာနိုင်ဘူးထင်တယ် "
မေဦးစိတ်ထဲ ဝမ်းနည်းရိပ်ကသန်းလာသည်။
"ဘာလို့လဲ"
"ကိုယ် စာလုပ်ရမှာတွေရှိလာပြီလေ ကလေးလေးရဲ့"
"အွန်းပါ"
တာရာ ဆူပုတ်နေတဲ့ ဘဲပေါက်လေးရဲ့ပါးနှစ်ဖက်ကို အသဲယားစွာ ဖျစ်ညှစ်လိုက်သည်။
"နာတယ်"
"နာရင် အာဘွားပေးမယ်"
အာဘွားပေးရင် ငြိမ်ခံတတ်ပင်မယ့် နီရဲသွားတတ်တဲ့ပါးပိုင်ရှင်လေးကို တာရာကြည့်လေ ချစ်လေဖြစ်လာသည်။
မင်းကိုပိုင်ဆိုင်ရတာ ဘဝရဲ့ အကောင်းမွန်ဆုံး ဆုတောင်းပြည့်ခြင်းပါပဲ ကလေးရယ်။
"ဒါပင်မယ့် အားရင် အားသလို လာတွေ့မယ် ကိုယ်မြို့ထဲလာရလို့ အချိန်ရရင်လဲ လာတွေ့မယ်"
"ဟုတ် "
"မေဦး အိမ်ဘယ်တော့ပြန်ဦးမလဲ"
"နောက်ပတ်မှ ပြန်ဖြစ်မယ်ထင်တယ် မေဦးလည်းစာလုပ်စရာရှိသေးတယ် ဘာဖြစ်လို့လဲ "
"ကိုယ်လည်း လိုက်ရင်ကောင်းမလားလို့ အမေ့ဆီလည်းသွားရင်း"
မေဦးရင်ထဲ ဝမ်းနည်းလာမိသည်။