Unicode"ကိုယ်ကောင်မလေးဖြစ်ပေးပါလား"
ချိုသာတဲ့အသံက နားထဲမှာဝဲ နေမိသည်။
"မေဦး ထတော့"
"အပြန်နောက်ကျမယ် ထ"
ဝင့်ဝါနှိုးခါမှ မေဦး အိမ်မက်မက်နေမှန်းသိရသည်။ ဒီလောက်ကောင်းတဲ့အိမ်မက်လေးကို။
ပစ္စည်းတွေပြန်ထည့်ပြီး တောင်ငူကို ဆင်းသည့် ကားနှင့်ထည့်ပေးဖို့ နော်ဖောအဒေါ်ဆီအပ်ထားခဲ့သည်။ မဟုတ်ရင် ငါးရက်စာထည့်လာတဲ့အိတ်ကြီး လွယ်ပြီး ဆိုင်ကယ်စီးရရင် သေရချည်ရဲ့။ နော်ဖော်ကလဲ စားစရာတွေ အကြော်လှော်တွေ တန်းစီနေအာင်ထည့်ပေးထားသေးသည်။
ဝင့်ဝါတို့ စုံတွဲကတော့ ခါးလေးကိုဖက်ရင် ကြည်နူးနေကြတာဆိုတာ။
အပြန် မုန့်ဆိုင်ခနဝင်ပြီး ဗိုက်ဖြည့်ကြသည်။ ဝင့်ဝါတို့ အတွဲက တူတူထိုင်တာမို့ ဆရာနဲ့ မေဦးနဲ့ကတစ်ဖက်မှာ
ရုတ်တရတ်ကြီး လက်လှမ်းကိုင်လိုက်တာကြောင့် မေဦးကြောင်သွားသည်။အမ် ဘာလို့ လက်လာကိုင်တာလဲ။ ဘယ်လောက်ပဲသဘောကျနေတဲ့သူပဲဖြစ်ဖြစ် ကိုယ့်ကို အသားလာထိတာတော့ သိပ်ဘဝင်မကျချင်။ မုန့်စားနေရင်း ကျနေတဲ့ ဆံပင်ကို လာသပ်ပေးတာကြောင့် မေဦးရော ဝင့်ဝါတို့ အတွဲပါ ကြောင်အမ်းသွားသည်။
မဟုတ်သေးဘူးလေ။ ဒီကိစ္စကိုရှင်းမှရတော့မယ်။
အဆောင်ရှေ့ရောက်တော့မဝင်ပဲနဲ့ စိတ်တင်းပြီး မေးလိုက်သည်။
"ဆရာ "
"ဘာလို့ မေဦးကို ဆက်ဆံတာ တစ်မျိုးဖြစ်နေတာလဲ"
" အမ် ဘာကိုတစ်မျိုး"
ဆရာ့ပုံစံက အံ့ဩပြီး ကြောင်သွားသည့်ပုံ။
"ဘာကိုလဲ မေဦးရဲ့ "
အဲ့တာကြီးကို ဘယ်လိုပြောရမှာလဲ ရွယ်တူဆိုရင်တောင် နင်ငါ့ကို အသားယူနေတာလား ဒဲ့မေးလိုက်လို့ရသေးသည်။
ရုတ်တရတ် ဆရာသဘောပေါက်သွားသည်ထင်ပါရဲ့
"ဒါဆို မေဦး ဘာမှ မမှတ်မိတော့ဘူးပေါ့"