မင်းအချစ်ကြောင့်

620 33 8
                                    

Unicode

အိမ်ရှေ့ခန်းမှာ စကားပြောနေသည့် မေမေနဲ့ ဆရာတို့ အသံမှာ တိုးလျသောကြောင့် မေဦး အဝတ်စားလဲနေရင်း နားထောင်သောလည်း
မကြားတစ်ချက် ကြားတစ်ချက် ။

မေဦးအပေါ်တင်းကျပ်သော မေမေက ဆရာနဲ့ ပြန်လာတာကို စိတ်မဆိုး စိတ်မပူတာကလည်း မေဦးစိတ်ထဲ ဝေခွဲမရ။ ဘယ်လိုပဲ ဆယ်တန်းက စာသင်ပေးခဲ့သော သူလို့ပဲပြောပြော အခုချိန်မှာ အရွယ်ရောက်ထားသော ယောက်ျားလေးနဲ့ သမီးမိန်းကလေးပျိုလေးကို စိတ်ချလက်ချ လွှတ်ထားမည့်အထဲမှာ မေမေမပါတာကို မေဦးသိသည်။

"ဘယ်မှာ ညအိပ်မလဲ သား မစီစဉ်ရသေးရင် အန်တီတို့ဆီမှာပဲ အိပ်လိုက်လေ "

အလိုတော် မတော်ရသေးတဲ့ သမက်လေးကို ညပါအိပ်ခိုင်းနေသေးတယ်။

"ရပါတယ် အန်တီတို့ အဆင်မပြေဖြစ်နေပါဦးမယ် ကျွန်တော် အပြင်မှာအိပ်လိုက်ပါ့မယ်"

"ဘာကိစ္စ အပြင်မှာအိပ်မလဲ သားရယ် အန်တီတို့ဆိုတာ သူစိမ်းတွေလဲမဟုတ်ဘဲ ဒီမှာပဲ တည်းသွားလိုက်ပါ "

"ကျေးဇူးပါ အန်တီ ဒါဆို ကျနော် အိမ်ဘက်တစ်ချက်သွားကြည့်ပြီး ပြန်လာခဲ့ပါမယ် "

မေဦး တစ်ယောက် ဆရာ့နောက်လိုက်ရန် အခန်းထဲမှ ပြေးထွက်လာခဲ့သည် ။ မေမေဆူတာလည်း နောက်မှ ခံလိုက်မည် ဆရာ့ကို ဒီအခြေနေ မှာတစ်ယောက်တည်း မထားချင်ပါ ။

" မေမေ သမီးလဲ ဆရာနဲ့ အပြင်ခနလိုက်သွားဦးမယ်"

အိမ်ရှေ့ထွက်လာတော့ တာရာက ပြုံးစိစိနှင့်

"ဆရာပေါ့ ကိုကိုမဟုတ်တော့ဘူးလား"

" မေမေကြားသွားမယ် တိုးတိုးပြောပါ"

မေဦး ရှက်ရမ်း ရမ်းကား အရှက်မရှိ ပြောနေသော လူကြီးအား ငေါက်လိုက်သည်။
ထိုအခါ တာရာ့ဆီမှ ရယ်သံ ခပ်ဖျော့ဖျော့လေးကို မေဦး ကြားလိုက်ရ၏။

ဆရာတို့ အိမ်မှာ လက်ရှိ ဆရာ့အဖေ အမျိုးမကင်းသော ဒေါ်လေးတို့လင်မယား အိမ်စောင့်ရှောက်သည့်သဘောမျိုး နှင့် နေနေသည် ။ ဆရာလာတော့ ဒေါ်လေးဖြစ်သူကလည်း ဝမ်းသာစွာကြိုဆိုပြန်သည်။ အခြားသူနေနေပြီဖြစ်သော ဒီအိမ်လေးက အရင်အချိန်တွေနဲ့ ကွာခြားနေပြီဖြစ်သော်လည်း မေဦးတို့ကို ဆရာစာသင်ပေးခဲ့တုန်းက သုံးခဲ့သော ကျောက်သင်ပုန်းလေးကတော့ အိမ်နံရံမှာ ချိတ်ထားဆဲမို့ အရင်ချိန်တွေကို သတိရလာသည်။ ဦးလေးလင်မယားက ဆရာ့အခန်းကို အသုံးပြုနေထိုင်ကာ အန်တီမေ့အခန်းနှင့် အန်တီ့မေ ပစ္စည်းများကိုတော့ ထိန်းသိမ်းစောင့်ရှောက်ထားပုံရသည်။အန်တီမေရှိစဉ်က အသုံးပြုခဲ့မှန်တင်ခုံလေးပေါ်မှာ အန်တီမေ့ ဓာတ်ပုံလေးထောင်ထားပေးသည်။ အခန်းကိုလည်း အမြဲရှင်းလင်းပေးထားပုံရသည် ဖုန်မှုန့် ၊ ပင့်ကူမျှင် မရှိ ရှင်းလင်းနေသည်။

Ordinary ,First LoveWhere stories live. Discover now